Ep-13

16.3K 1.1K 27
                                    

#Unicode
အားးးးးးး...
သုတ မှန်ကြည့်ရင်း လန့်ပြီးအော်လိုက်သည်...

"အောင်မလေး တစ်ညလေးအိပ်မပျော်တာကို မျက်ကွင်းက ဒီလောက်ထိညိုစရာလား? ဒီလူကြီးရဲ့စကားနဲ့တင် ဒီလောက်ဖြစ်နေစရာလား?
သုတလေး မနေ့ညက ဘာကိစ္စမှ မဖြစ်ခဲ့ဘူး...
ဘာမှလဲ မကြားခဲ့ဘူးလို့ပဲ သတ်မှတ်ရမယ်
ဟုတ်တယ် သုတ.." သုတ မှန်ရှေ့တွင် တစ်ကိုယ်တည်း ရေရွတ်နေခြင်းသာဖြစ်သည် ။

At CU(တအုံ)

သုတ Ferryပေါ်က ဆင်းဆင်းချင်း သုတရဲ့ခြင်းကို လုယူသွားသော ဘယ်ကတည်းက စောင့်နေမှန်းမသိသော တိမ်ရောင်..

"ဟာ...တိမ်ရောင် ဘာလုပ်တာလဲ ပြန်ပေး"

"မပေးဘူး...အဖြေပြန်ရရေးက ကိုယ့်အရေးဖြစ်နေတော့
မသယ်ပေးချင်လဲ သယ်ပေးရမှာပဲလေ" တိမ်ရောင် စပ်ဖြီးဖြီးလေး ပြောလိုက်တယ်..

"ဖြစ်ရတယ်...။ အဲ့လိုပြောလို့ လျှော့ပြီ တစ်မှတ်"

"အဲ့လိုတော့ မလုပ်လိုက်ပါနဲ့ကွာ။ ဟောဒီက ကိုကိုတိမ်ရောင်က ကလေးသုတကို ချစ်လွန်းလို့ ကျီစယ်လိုက်တာပါ.."
တိမ်ရောင် သူ့ရင်ဘတ်သူ ပုတ်ရင်းပြောလိုက်တော့...

"အော့ အော့ ဒေ...ဒီလောက်သယ်ချင်နေလဲ ရော့... စာအုပ်တွေပါသယ်"
သုတ တိမ်ရောင့်ရှေ့မှ ကြွကြွရွရွလေး လျှောက်လာလိုက်သည်..

နောက်က တိမ်ရောင်ကတော့..

"အောင်မလေး..လေးလိုက်တာ..
ဘာလို့ စာအုပ်တွေဒီလောက်သယ်လာရတာလဲ။
စာတွေဒီလောက်လုပ်လို့လဲ မျက်မှန်တပ်နေရတာ စောင်Gayစုတ်လေး...
ချစ်လွန်းတော့လည်း သည်းခံပေဦးတော့ တိမ်ရောင်ရာ..." တိမ်ရောင် စိတ်ထဲမှ ညည်းညူနေမိသည်...

"ဟိုကောင်လေး..ရှေ့ကနေ တစ်လှမ်းချင်းလျှောက်မနေနဲ့ ။
အိုးသေးလေးနဲ့ ငါ့ကိုမြှူဆွယ်နေတာလား?
အဟင်းဟင်း..."တိမ်ရောင် ညစ်ကျယ်ကျယ်လေးပြောလိုက်တော့...

"ဒါဆို ခင်ဗျားရှေ့ကသွား.."

"Gayစုတ်လေးက ကိုကိုတိမ်ရောင့်ကို နောက်ကနေ တစိမ့်စိမ့်ကြည့်ချင်လို့သွားခိုင်းတာလား?
အိုကေလေ ဒါဆို ကိုကိုတိမ်ရောင်က ဘဘောထားကြီးစွာနဲ့ ရှေ့ကသွားပေးရမှာပေါ့"

အခ်စ္ကိုသိခ်ိန္(Completed)Où les histoires vivent. Découvrez maintenant