Ep-26

13.8K 847 18
                                    

#Unicode
ဆရာမနဲ့ ကလေးနှစ်ယောက် ပြန်သွားမှ ဦးမင်းဇော် သုတရဲ့ အခန်းထဲဝင်လာသည်။

အခန်းထဲဝင်လာသော ဦးမင်းဇော်ကို မြင်သည်နှင့်တစ်ပြိုင်နက် သုတ ဦးမင်းဇော်အား
ကျောပေးကာ ထိုင်နေလိုက်သည်။

"သား ဖေဖေ့ဘက်လှည့်ပါဦး။သားကို ဖေဖေပြောစရာရှိတယ်"

သုတ မျက်နှာကြီးဆူပုပ်ကာ မလှည့်ချင်လှည့်ချင်နဲ့
ှီုလှည့်လိုက်သည်။

"သားလေး..ဖေဖေ မှားသွားတယ်။ သားခံစားချက်တွေကို ဖေဖေ ထည့်မတွက်ခဲ့ဘူး။
ဒီတော့ သားကို အရင်လိုပြန်နေခွင့်ပြုတယ်။
ကျောင်းလဲပြန်တက်လို့ရပြီ သား"

"တစ်ကယ်လား? ဖေဖေ"
သုတ အံ့သြလွန်းလို့ မျက်လုံးလေးများပင် ပြူးသွားရသည်။

"ဒါပေမယ့် အရင်လို ပြန်နေဖို့ ပြောတဲ့အထဲမှာ ဟိုကောင်လေးနဲ့ ကိစ္စမပါဘူးနော်"

"ဟွန့် ဖေဖေကလည်း..."
သုတ နှုတ်ခမ်းလေးထော်ကာ ရန်မတွေ့ရုံတမယ် ပြောလိုက်သည်။

"အဲ့ကောင်လေးကို သားက ချစ်လို့လား?
အဲ့ကောင်လေးကရော မိန်းကလေးမဟုတ်တဲ့သားကို အမှန်တစ်ကယ် ချစ်နိုင်မှာတဲ့လား?"

"ဖေဖေကလည်း သား သူ့ကို တစ်ကယ်ချစ်တာပါဆို။ သူလဲ သားကို ချစ်မယ်လို့ ယုံကြည်တယ် ဖေဖေ"

"ဒီလောက်တောင် ဖြစ်နေမှတော့ ဖေဖေပြောလည်း အပိုပဲ သား။
သားရဲ့ရွေးချယ်မှု မှန်ကန်နိုင်ပါစေ"
ဦးမင်ဇော် သုတရဲ့ ပုခုံးလေးကို ခပ်တင်းတင်းကိုင်ကာ ပြောပြီး
သုတအခန်းမှ ထွက်လာခဲ့သည်။

"မေမွန်..လာဦး။ငါ မှာစရာရှိတယ်"

"ပြောပါ ကိုကြီး"

"ငါ ခရီးပြန်ထွက်တော့မယ်။နင်လဲ နင်တူ့ကို သေချာထိန်းဦး။တူနဲ့ပေါင်းပြီး ပေါ့ပေါ့မနေနဲ့။ ကြားလား.."

"ကိုကြီးကလည်း ခရီးပြန်ထွက်တော့မလို့လား? နေပါဦး အိမ်မှာ"

"မနေတော့ဘူး။ ခုလာတာလဲ နင့်တူကို ထိန်းဖို့လာတာ။နင့်တူက ထိန်းမှမနိုင်တော့တာ
လွှတ်ထားပေးလိုက်တော့မယ်။ ဒါပေမယ့် သူ့ချစ်သူဆိုလား ဘာဆိုလား အဲ့ကောင်လေးကို နင်တွေ့ကြည့်ဦး။ ငါ့သားအတွက် စိတ်ချရလားဆိုတာ အကဲခတ်ပြီး ငါ့ကို ပြန်အကြောင်းကြား။
ကြားလား..မေမွန်"

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now