ကောင်းကင် မလွှတ်ပေးချင်ပဲ လွှတ်ပေးလိုက်ရသည် ။ ပိစိလေး ရှက်ပြီး နေရထိုင်ရခက်နေမှာ ကောင်းကင်မလိုလားပါ

"မမနော် အကျင့်မကောင်းဘူး ။ မြင်နေရရင်လဲ ခဏလောက် မမြင်ချင်ယောင်ဆောင်ပေးပါလား။ ကိုယ့်မောင်လေး သာယာနေတာကို လာနှောင့်ယှက်တယ်"

"သုတကို ငါ့အခန်းထဲ ခဏခေါ်သွားမယ်။ လက်ဆောင်တွေက ငါ့အခန်းထဲမှာမို့"

သုတ အခုမှ အသက်ရှူချောင်သွားသည်...

"ကောင်းကင် ငါလိုက်သွားလိုက်ဦးမယ်နော်"

"ဟုတ်"

ကဗျာမ သုတလက်ကိုဆွဲကာ သူ့အခန်းထဲ ခေါ်သွားလိုက်သည် ။

"ရော့ ဒီမှာ နင့်အတွက်ကော တီလေးအတွက်ပါ ပါတယ်"

"ဝါးးး အများကြီးပဲ လက်ဆောင်တွေက"

"အာ့ ငါပေးတာမဟုတ်ဘူး ကောင်းကင်ပေးတာ"

"ဘာလို့ သူကိုယ်တိုင်မပေးတာလဲ?"

"မပေးရဲလို့တဲ့"

"ဖက်ကျဖက်ရဲတယ်နော် နင့်မောင်က"သုတ ရွှတ်နောက်နောက်လေး ပြောတော့..

"သူသန်ရာ သန်ရာလေ..." မိကဗျာက ဝင်ထောက်သည်

"ဒါနဲ့ ငါမေးစရာရှိသေးတယ် သုတ "

"မေးလေ ဘာမေးမှာ?"

"နင် တိမ်ရောင်နဲ့ ချစ်သူဖြစ်သွားပြီလား?"

"အယ်...နင်ဘယ်လိုသိတာ?"

"မြင်လား မသာမ ငါနဲနဲလေး အစ်လိုက်တာနဲ့ အမှန်တွေ ထွက်လာတယ်"

"နင် သူနဲ့ ဘယ်အဆင့်ထိ ရောက်ပြီလဲ?"

"Heeex ဟိုဒင်း...ဟိုဒင်း..."

"မပြောနဲ့ နင်လမ်းလျှောက်တာ အချိုးမပြေဘူူး။ ပေါင်တွေကွနေတယ်ဆိုတာလဲ ငါသိနေတယ်"

"အေးဟေ့ မသာမ နင်ထင်တဲ့အတိုင်းပဲ"

"သုတ ငါ့မောင်က နင့်အပေါ်ဘယ်လိုသဘောထားလဲ နင်သိတယ်နော်။
ဒါကြောင့် နင်နဲ့တိမ်ရောင် ချစ်သူဖြစ်သွားတာ သူမသိစေနဲ့ ။ သူသိသွားခဲ့ရင် သူ့ပညာရေး ထိခိုက်မှာစိုးတယ်"

"အင်းပါ ကဗျာရယ်...နင်ငါ့ကို စိတ်မဆိုးဘူးလား?"

"ဘာအတွက်နဲ့ နင့်ကို စိတ်ဆိုးရမှာ?"

အခ်စ္ကိုသိခ်ိန္(Completed)Wo Geschichten leben. Entdecke jetzt