Fall in L💜ve with my sister's crush!!!

4.5K 282 5
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit {'Extra´}-2

နိုးလာတဲ့အချိန်မှာ ခေါင်းကိုက်တာကိုပထမဆုံး သတိထားမိလိုက်တယ်
ညကသောက်တာ အတော်များသွားတာပဲ…
အိမ်ကို ဘယ်လိုပြန်ရောက်လာလဲတောင် မမှတ်မိချင်တော့ဘူး

တကိုယ်လုံးလည်းအားမရှိသလိုပဲ…
ဘယ်လိုဖြစ်ပါလိမ့်!!
ကျွန်တော် ခါတိုင်းအမူးစပြေရင် ခေါင်းကိုက်ရုံပါပဲ
အခုက မျက်လုံးတောင်ချက်ချင်းဖွင့်ဖို့မလွယ်…
ခေါင်းက အသေကိုက်နေတာ

မျက်လုံးကိုမရ,ရအောင် ပြူးကြည့်လိုက်မိတော့
မြင်လိုက်ရတဲ့အခန်းက နေ့တိုင်းမြင်ရတာနဲ့ မတူသလိုပဲ…
အင်!!!
ကျွန်တော့် အခန်းမဟုတ်ဘူးလား??

ဘေးနားကိုလှည့်ကြည့်လိုက်မိတော့
ကျွန်တော်နဲ့စောင်တထည်တည်းအောက်မှာ အတူတူအိပ်နေတဲ့ Ming…
Hotelမှာလား??

နေပါဦး…
Mingက အပေါ်ပိုင်းအကျီင်္မပါသလိုပဲ
စောင်အောက်မှာ မြင်နေရတဲ့ ပခုံးတွေက အကျီင်္လက်နဲ့လည်းမဟုတ်…

ဒါဆို!!!
ကျွန်တော်ကော…???

ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့…
ဟင်!!!
ကျွန်တော်လည်း တကိုယ်လုံး ဘာအဝတ်မှမရှိ…

ခုဏက ဖွင့်မရတဲ့မျက်လုံးတွေ ပြူးကျယ်သွားရတယ်
ဒါဆိုရင်…ညက…အိမ်မက်မဟုတ်ဘူးပေါ့???

တွေးမိမိချင်းထထိုင်လိုက်တော့ ခါးအောက်ပိုင်းက မျက်ခနဲ…
ကျွတ်…နာလိုက်တာ
စောင်ကလေး…ညက ဘယ်လောက်တောင်မို့လို့လဲ

ပြန်တွေးကြည့်တော့ သေချာလည်းမမှတ်မိ…

ညက…
အမူးသောက်တယ်လေ…
ပြီးတော့…ကျွန်တော်တကယ်ပဲ ပေါက်ကရတွေ လျှောက်ပြောခဲ့ပြီး Mingနဲ့ …
အား…ဆက်မတွေးတော့ဘူး…မသိဘူး

အခုလောလောဆယ်တော့ ကျွန်တော်ရှက်ရင်ဖြစ်နေကြအတိုင်း မျက်နှာတွေ ပူတက်လာပြီ…

ရှက်တာကလား…
ဒီကိစ္စကို ရှက်တာတော့ဟုတ်ပေမယ့် သူက ကျွန်တော့်ချစ်သူပဲလေ
ဒါ…ကို ရှက်တယ်ဆိုပေမယ့် အဲ့လောက်ကြီး မဟုတ်ပါဘူး
တကယ်က…ညက ကျွန်တော်ပြောထားတာတွေက ပေါက်ကရတွေမဟုတ်လား

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now