Fall in L💜ve with my sister's crush!!!

3.8K 282 3
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-20

အိမ်ထဲဝင်လာတော့ မငယ်က ထိုင်ခုံမှာကြိုထိုင် စောင့်နေတာ လှမ်းမြင်လိုက်ရတယ်…

အခုတလော ကိုယ့်အမကိုယ် ရဲရဲမကြည့်ရဲဘူးဆို
မသိရင်ပဲ…ဟို…
ကျွန်တော်ကပဲ ဟို…ဖြတ်ခုတ်သလိုလို…
ပြန်တွေးတိုင်းလည်း စိတ်ညစ်ပါတယ်

သူ့အပြစ်…ဆိုပြီးတော့ပဲ မပြောချင်တော့ဘူး…
ကျွန်တော်က…ကျွတ် ဘာလို့များ တစ်ခါတည်း မငြင်းနိုင်ခဲ့ရတာလဲ
ပြီးတော့လည်း ခုဏတုန်းက…အား…
ပြန်မတွေးပါဘူးဆိုမှ

''Kit…''

''ဟင်!!''

''လာ…ခဏ လာထိုင်ဦး''

ဘာဖြစ်တာပါလိမ့်…
အသံက ခပ်တည်တည်နဲ့…
သူ့သွားမကြိုမိလို့များလား…ကားပျက်နေတာ သူလည်းအသိပဲဟာကို

အိမ်ထဲဝင်လာကတည်းက စာအုပ်မဖတ်ပဲနဲ့ ဒီအတိုင်းကြီးလာကြည့်နေကတည်းက တစ်ခုခုတော့ထင်သား…ဘာတစ်ခုခုမှန်းတော့မသိ…
ထိုင်ကြည့်နေပြီး ခုမှထခေါ်တော့ ခပ်လန့်လန့်ပဲ
ဘာဖြစ်လို့ပါလိမ့်

ကဲ…ထိုင်ဆိုတော့လည်း ထိုင်တာပေါ့

''ဒီနေ့ နင်ဘယ်သွားတာလဲ''

ထိုင်ရုံပဲရှိသေး…
မျက်နှာထားကြီးနဲ့မေးလာတော့

''ဟို…မွေးနေ့လေ မငယ်လည်း မနေ့က သိတယ်မဟုတ်လား''

''နင်ပြောတော့ မသွားဘူးဆို''

''မငယ်ပဲ သွားဆို ''

''အဲ့တော့ ဘယ်လိုသွားလဲ… ကားပျက်နေတာ ဆိုတော့''

''ဟို…''

''Ming လာခေါ်တယ်ပေါ့…အဲ့လိုလား''

''ဟင်…''
ကျွန်တော် မျက်လုံးပါပြူးသွားရတယ်
ဘယ်လိုလုပ်ပြီး သိတာလဲ…
အဒေါ်ကြီးပြောပြလိုက်တာလား…

အိ…အဲ့ဒါဆိုရင် အဲ့ဒီတုန်းက ချီထားတာ…အိ…
သေပြီထင်ပါတယ်
ပြဿနာတော့အကြီးကြီးတက်ပါပြီ

''နင်နဲ့Mingက တွဲနေတာလား''

''အာ…မဟုတ်ပါဘူး''

''သြ…မဟုတ်ဘူးလား…အင်း အဲ့ဒါဆိုရင်လည်း ဒါလေးကိုကြည့်ပါဦး''
ပြောရင်းနဲ့ ကျွန်တော့်မျက်နှာရှေ့ဖုန်းကြီး လာထိုးပြတယ်…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now