Fall in L💜ve with my sister's crush!!!

4K 348 2
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-4

''ဟယ်…ပန်းတွေ''
ဘေးနားက မငယ်ကထအော်တော့မှ ကျွန်တော်
ကားစက်ဖုံးပေါ်ကြည့်လိုက်မိတယ်

နှင်းဆီပန်းစည်းတစ်ခု…
နှင်းဆီပန်း ဘယ်နှစ်ပွင့်လည်းတော့ မသိ
အတော်တော့များတဲ့ပုံ

ဘယ်အကောင်များ လက်ကမြင်းသွားလဲ မသိဘူး…
ဒီနေ့လေးတစ်ရက်လောက် မငယ်က သူ့သူငယ်ချင်း
တွေနဲ့ စကားမပြောဖြစ်လို့ ကျောင်းကနေစောပြန်
ရမယ့်ဟာကို…

ဘေးဘီကိုကြည့်တော့လည်း ဘယ်သူ့မှမတွေ့
ချောင်းကြည့်နေရင်တော့လည်း တစ်မျိုးပေါ့…

ကားဆီကို မငယ်ထက်အရင်ဦးအောင် သွားပြီး
ပန်းစည်းကို ဆွဲမ၊တွဲထားတဲ့ cardကို ကြည့်လိုက်တော့…

'ကျွန်တော် P'နဲ့ ခင်ပါရစေ'တဲ့…

(ထိုင်းလိုက အမကိုကော အကိုကိုကော P'လို့ပဲ
တစ်မျိုးတည်းခေါ်တာပါ)

P'…???
အခုလောလောဆယ် မငယ်ကိုလိုက်နေတဲ့ ဘဲတွေက finalကချည်းပဲ…
မငယ်နဲ့ အသက်အတူတူပဲကို…
မငယ်ကို P'လို့ခေါ်စရာလူဆိုလို့ ဟိုကောင်လေးပဲ
ရှိတာ…

သေချာကြည့်လိုက်တော့မှ cardအောက်ဆုံးမှာ
အရောင်ပြေးနဲ့ 'from Ming'တဲ့…

သြ…အဲ့တာမို့လို့ ဒီနေ့တစ်နေ့လုံး ဟိုကောင်လေးကို မတွေ့ရတာကိုး…
ဒင်းကြောင့် ဟိုနေ့က တနေ့လုံး ရပ်ကွက် ပတ်ပြေးရတဲ့ အမှုနဲ့ စိတ်ကကျေနပ်သေးတာ မဟုတ်ဘူး…

ဘယ်လိုဖြစ်လို့ သူများမငယ်ကိုပဲ လိုက်ကြောင်နေရလဲ မသိဘူး
မိန်းမ ရှားနေလို့လား…

''Kit…ဘာရေးထားလဲဟင်''
မငယ်ကပါ ကျွန်တော့်ကို လှမ်းမေးနေသေးတယ်

တွေ့မယ်…
ဒီလောက်ဖြစ်ကြတာတွေ…

''ဘာမှမရေးထားဘူး''
ကျွန်တော်ဘေးက အမှိုက်ပုံးအဖုံးဖွင့်ပြီးပန်းစည်းကို
တစ်ခါတည်း ထိုးထည့်လိုက်တယ်
မှတ်ရောပဲ…

''Kit…နင် ဘယ်လိုလုပ်လိုက်တာလဲ''
မငယ်က ကားဟိုဘက်ကနေလာအော်နေသေးတယ်

''လွှင့်ပစ်လိုက်တာလေ…ဘာဖြစ်လို့လဲ''
ကျွန်တော်လည်း မျက်နှာတည်တည်နဲ့ပြန်မေးလိုက်
တော့မှ မငယ်က စိတ်ထိန်းလိုက်တဲ့ပုံနဲ့…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now