Fall in L💜ve with my sister's crush!!!

4.1K 338 0
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-8

''Kitkat…စတိုခန်းထဲမှာ ဘီယာကတ်တွေကျန်ခဲ့တယ်။သွားယူပေးဦး…''

''ဒီမှာလည်း အများကြီးရှိနေတာပဲဟာကို…
မင်းတို့ဟာက များနေဦးမယ်''

''မများပါဘူး…နောက်လည်းလိုဦးမှာ…
လုပ်ပါကွာ ဒီမှာငါတို့ခုံစီနေရလို့ပါ၊သြ…ဒါနဲ့ စတိုခန်းတံခါးက ပျက်နေတယ်နော်…ပိတ်သွားရင်
အပြင်က ဖွင့်မှရတာ…အထဲဝင်ရင် တံခါးဟခဲ့ ''

''အေး…အေး ဘယ်နားမှာလဲ စတိုခန်းက''

''အောက်ဆုံးထပ် လှေကားအောက်မှာ… မပိတ်မိစေနဲ့နော်''

''အေးပါကွာ…ငါက ကလေးမှမဟုတ်တာ''

အဆောင်မှာလုပ်တဲ့ partyပေါ့…
Beamဖိတ်တာလေ
အဆောင်တစ်ခုလုံးက ယောကျာ်းလေးတွေချည်းပဲ
ဆိုတော့ သောက်ပါသောက်ကြမှာပေါ့…

မငယ်ကတော့မပါဘူး…
ကျွန်တော်လည်း သူမပါမှပဲ အေးအေးဆေးဆေး
နေရတော့မယ်
ဘယ့်နှယ့်…သူနဲ့ပဲ တပူးတတွဲနေနေရတယ်လို့…

အဆောင်ဆိုတော့ မေဂျာအမျိုးမျိုး…အတန်းအမျိုးမျိုး…
ပျော်စရာတော့ ပိုကောင်းတာပေါ့

အဆောင်ပိုင်ရှင်ကို partyပေးလို့ရအောင် ဘယ်လိုများညှိလိုက်ကြလဲမသိ…
အတော် စည်းရုံးရေးကောင်းကြတာပဲ
ဒါမျိုးဆို တော်လိုက်ကြတာ…

ဒါနဲ့…စတိုခန်းတဲ့
အောက်ဆုံးထပ်မှာဆိုတော့ သုံးထပ်ကနေ ပြန်ဆင်းရဦးမယ်
partyက သုံးထပ်မြောက်မှာလေ

ဟိုရှာ…ဒီရှာနဲ့ အောက်ဆုံးအထပ် လှေကားထောင့်
မှာ တံခါးတစ်ခု…

ဖွင့်ကြည့်လိုက်တော့…
ဟုတ်တယ်…စတိုခန်း…
တံခါးကို အသာလေးဟ…အထဲဝင်…
ဟုတ်နေပြီ

စားပွဲပေါ်မှာတွေ့တဲ့ ဘီယာကတ်လေးမတော့…

''ကျွန်တော် သယ်ပေးရမလား P' ''

လန့်လိုက်တာဆိုတာ…
လူက တုန်တောင်တုန်သွားတယ်

ဘယ်သူကမှာလဲလို့…
ဟိုစောင်ကလေး…Mingလေ
ဘယ်လိုရောက်လာရပြန်တာလဲဗျာ…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now