Fall in L💜ve with my sister's crush!!!

4.1K 310 1
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-13

မနေ့တုန်းက ပြောခဲ့မိတာ လွန်များလွန်သွားလား
ဆိုပြီး အားနာနေခဲ့တာ…

အခု ပြုံးစိစိဖြစ်နေတဲ့ အဲ့ကောင်လေးရဲ့မျက်နှာကို
မြင်ရတော့မှ အားနာခဲ့တာမှားမှန်း ကျွန်တော့်ကိုယ်
ကျွန်တော် သိရတော့တယ်

လျှောက်လည်မယ်ပြောလို့ ဘယ်များသွားမလဲဆိုပြီး လူက ခပ်လန့်လန့်…
အဲ့ကောင်လေးက ပြောရတာမဟုတ်ဘူးဆိုပြီးလေ

ဒါပေမယ့် အခုရောက်နေတာက တရိစ္ဆာန်ရုံ…
ဘယ့်နှယ်ဗျာ…
ကလေးကလား…မကြီးမငယ်နဲ့ တရိစ္ဆာန်ရုံကို
ကျောင်းအပျက်ခံပြီး သွားရတယ်လို့

ကျောင်းပိတ်ရက်အထိ မစောင့်ပဲ မြန်မြန်ပြီး အေးကော…ဆိုပြီး ဒီနေ့ကို ကျောင်းပျက်လိုက်မိတာ
ကျွန်တော့်အမှား…
အဲ့ကောင်လေးနဲ့ပတ်သက်လာရင် အခြားလူကိုတောင် ဒေါသထွက်ချင်စိတ်ကုန်လာပြီ
ကိုယ့်ကိုကိုယ်သာ ကောက်ထုချင်တာ…

''ပျော်လား P' ''

ဟင်…လုပ်သေးတယ်
ပျော်စရာလားလို့
ကျောင်းဖွင့်ရက်ကြီးမှာ တရိစ္ဆာန်ရုံလာပြီး သူသွားတဲ့နောက် လိုက်နေရတာကို…
စိတ်ပေါက်ပေါက်နဲ့ မိကျောင်းကန်ထဲ ကန်ချလိုက်ရ…

ဟင်းနော်…ဒီတစ်ရက်ပဲ…သည်းခံစမ်း Kitkat…

တစ်အိမ်လုံးမှာ အငယ်ဆုံးပါဆိုမှ သူနဲ့ကြမှ
စိတ်လာရှည်နေရတယ်လို့နော်…

အစာကျွေးတာကြတော့လည်း သူ့ဖာသာသူ
ကျွေးတာမဟုတ်…
ကျွန်တော့်ကိုပါ အတူကျွေးခိုင်းသေးတာ…

ပြောမယ့်သာပြောတာ…
ကျွန်တော်ငယ်ငယ်ကတည်းက တရိစ္ဆာန်ရုံရောက်ရင် ကြည့်ရုံကြည့်တာ…
အနားသိပ်ကပ်တာမဟုတ်
မကပ်ရဲတာလည်း ပါတာပေါ့…

အဲ့တာကို အခုကျွေးခိုင်းနေသေးတယ်
ရေမြင်းကိုမကျွေးပဲ သူ့ကျွေးလိုက်ရင်တော့နော်…

ငှက်ရုံ…
ဟူး…ဒီတစ်ခုပြီးရင် ထွက်ပေါက်ပဲ…
အခုမှပဲပြီးတော့မယ်

အဲ့ရောက်တော့လည်း တော်ရုံနဲ့မပြီး…
ဟိုငှက်ကြည့်လိုက်…ဒီငှက်ကြည့်လိုက်နဲ့
အတော်လည်း မျက်စိနောက်ပါတယ်ဗျာ…
မျောက်ရုံတုန်းကတောင် သူတစ်ယောက်တည်းကို
ကြည့်ရတာလောက် မျက်စိမနောက်ဘူး

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now