Fall in L💜ve with my sister's crush!!!

4.1K 333 3
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-7

''ဟဲ့…Kit…''

''ဟင်…ဟင်!!!"

''အကျီင်္ဝယ်ပြီးသွားပြီလို့…ဘယ်လိုဖြစ်ပြီး
ကောင်တာပေါ်လက်ထောက်အိပ်နေရတာလဲ''

''သြ…ဘာမှမဖြစ်ဘူး…သွားမယ်လေ ပြီးရင်''

တကယ်က ဖြစ်နေတယ်…
ညက အတော်အိပ်ရေးပျက်ထားတာ
ဘာလို့လဲမသိ ဒေါသက အတော်ထွက်နေမိတာနဲ့
တစ်ညလုံးကောင်းကောင်းအိပ်လို့ကိုမရ…

ဒေါသထွက်ရတဲ့အကြောင်းကို အရင်းစစ်လိုက်ရင်
တော့ မျက်လုံးထဲကွင်းကွင်းကွက်ကွက်ပေါ်လာတာ
ဟိုကောင်လေးမျက်နှာ…

မနေ့က ကိစ္စလေ…
မနေ့က ဘာမှန်းမသိပဲနဲ့ လာရစ်တာခံလိုက်ရတယ်
ဘယ့်နှယ့်ဗျာ…

P'ပိုင်တဲ့ နေ့တစ်နေ့ပေးပါလားတဲ့…အတွေးနဲ့တင်
ဒေါသတွေက အလိပ်လိုက်၊အတွန့်လိုက်၊ အခေါက်လိုက်ကို ထွက်နေတာ
ဘာလို့ ဒါမျိုးကြီးလာပြောတာလဲလို့??

ဘာလဲ…
မငယ်ကိုမရရင် ကျွန်တော့်ကို???
အာ…
ဟိုက မိန်းမပဲကြိုက်တယ်လို့ ပြောတယ်မဟုတ်လား…ကျွန်တော် တွေးသလိုမျိုး မဖြစ်နိုင်ပါဘူး
ကျွန်တော်တောင် ဘာတွေတွေးနေမိလဲမသိတော့ဘူး

ဟိုက သပ်သပ် ကလန်ကဆန်လာလုပ်နေတာ…
အဲ့တာကို ဘာလို့ကျွန်တော့် လာကလိနေရတာ လဲလို့…
ဒါမျိုးလုပ်ရင် မငယ်နဲ့ သဘောတူရကောတဲ့လား…

အမလေးနော်…
သွေးတွေတောင် တက်လာပြီ
ပြန်တွေးလိုက်…ဒေါသထွက်လိုက်…
ပိုအမြင်ကပ်လိုက်နဲ့

''Kit…Kit…တံခါးက ဆွဲရမှာမဟုတ်ဘူးလေ
တွန်းရမှာ''

''အင်း…အင်း သိတယ်''

''နင် ဘယ်လိုဖြစ်နေရတာလဲ??
တစ်နေ့လုံးလည်း မှုန်ကုတ်ကုတ်နဲ့''

''ရတယ်…ဘာမှမဖြစ်ဘူး''

''သင်တန်းဆက်တက်လို့ဖြစ်ရဲ့လား''

''သြ…ဖြစ်နိုင်ပါတယ်ဆိုနေ…မငယ်ကလည်း''

မတတ်လို့ကတော့မရ…
အင်္ဂလိပ်စာသင်တန်းက တစ်ပတ်မှာတစ်ခါလေး
တက်ရတာ
မောင်နှမနှစ်ယောက် အတူတက်ပေမယ့် လွတ်သွားတဲ့စာက မငယ်ပြန်ရှင်းလည်း ဆရာရှင်းတာနဲ့တူမှာမဟုတ်ဘူး…

Fall in love with my sister's crush!!!(MingKit)Onde histórias criam vida. Descubra agora