Fall in L💜ve with my sister's crush!!!

3.8K 301 0
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-19

အံ့သြလွန်းလို့မျက်လုံးတွေ ဖွင့်ထားလျှက်နဲ့
ကျွန်တော် ဘာကိုမှတောင် မမြင်နိုင်တော့ဘူး
ထင်တယ်
သူ…သူ အခု…
ကျွန်တော့်ကို…နမ်းလိုက်တာလား…

လက်မှာပတ်ထားတဲ့ နာရီသံကို ဖုံးလွှမ်းအောင်ခုန်မြည်နေတဲ့ နှလုံးခုန်သံရဲ့
ဘယ်နှစ်ချက်မြောက်မှန်းမသိတဲ့ အကြိမ်မှာ…

သူ့နှုတ်ခမ်းတွေ အနောက်ကိုဆုတ်သွားရင်း
ဆုပ်ကိုင်ထားတဲ့လက်နှစ်ဖက်လျော့သွားတော့…

ကျွန်တော့်လက်နှစ်ဖက်ကို ပြန်ဆောင့်ရုန်းပြီး သူ့ကိုဆောင့်တွန်းလိုက်မိတယ်
''အဲ့ဒါ ဘာလုပ်တာလဲ… ငါမင်းကို တွန်းတယ်မဟုတ်လား…ဘာလို့ မရပ်တာလဲ''

''ကျွန်တော် တောင်းပန်ပါတယ်P' ''

''တောင်းပန်ရုံနဲ့ ပြီးရောလား''
အံ့သြလို့ကို မဆုံးနိုင်တော့ဘူး…
စကားပြောနေရာက အသားလွတ်ကြီး
လာနမ်းပြီးတော့ အခုတောင်းပန်တယ်ပြောလိုက်ရင်
င်္ပြီးကောလား…

''ဆက်မပြောနဲ့တော့…ငါ့ဖာသာငါ ပြန်တော့မယ်
မင်းလိုက်ပို့စရာလည်းမလိုတော့ဘူး''

ဒီလောက် ဟိုသွားမယ်…ဒီသွားမယ်…ဆိုကတည်းက
ဘာကိုရည်ရွယ်နေမှန်း ကျွန်တော်သိသင့်နေတာ…
တကယ်ပါပဲ…စိတ်တိုလိုက်တာဆိုတာ
သူနဲ့ကျွန်တော်ကလည်း ဘာမှမဆိုင်သေးပဲနဲ့ အသားလွတ်ကြီး…

တံခါးကိုlockဖွင့်တော့  ဆက်ဖွင့်လို့မရအောင် တံခါးလက်ကိုင်ကို လှမ်းဆွဲလိုက်တဲ့
သူ့လက်တစ်ဖက်…

''မသွားပါနဲ့လား P' ''

''ငါ မင်းကိုဖယ်လို့ပြောနေတယ် မဟုတ်လား''

''ကျွန်တော်…''

''တော်တော့…မင်း ပြောချင်တာပြော၊လုပ်ချင်တာလုပ်ပြီးရင် တောင်းပန်လိုက်ရုံနဲ့ပြီးကောတဲ့လား…
ပြီးတော့…ငါမင်းကို တွန်းတုန်းက''

''P'ကျွန်တော့်ကို တွန်းလိုက်တုန်းက…''
သူ ကျွန်တော့်စကားကိုဖြတ်ပြောပြီး ကားတံခါးကို
ဆွဲပိတ်လိုက်တယ်
''ကျွန်တော် P'ဆီကနေပါ အတွန်းထုတ်ခံလိုက်ရသလို ခံစားရတယ်။ ခဏမဟုတ်ပဲနဲ့…P'ကျွန်တော့်ကိုငြင်းလိုက်
သလိုမျိုး P'အနားကနေ ထွက်သွားရတော့
မလိုမျိုး…''

Fall in love with my sister's crush!!!(MingKit)Donde viven las historias. Descúbrelo ahora