Fall in L💜ve with my sister's crush!!!

3.9K 301 1
                                    

<zawgyi>

Fall in L💜ve with my sister's crush!!!
~MingKit    ch-15

''အင်း…Beam ပြော…သြ ငါမလာဖြစ်တော့ဘူးလို့
ကားပျက်နေလို့…''

ကားပျက်နေတယ်…
မနက်တုန်းက မငယ်အကျီင်္ဝယ်မယ်ဆိုပြီး လိုက်ပို့ခိုင်းကတည်းက စက်နိုးမရတာ…
ဘာဖြစ်မှန်းလည်း မသိဘူး

အဲ့တော့လည်း အေးတာပဲ…
မငယ်ကိုလည်း လိုက်ပို့စရာမလိုသလို ဟိုမွေးနေ့ပွဲဆိုတာလည်း သွားစရာမလိုတော့ဘူး

တစ်သက်နဲ့တစ်ကိုယ်မှာ ကားပျက်လို့ ပျော်တာ ဒီတစ်ခါပဲရှိတယ်
မငယ်က 7:00a.mလောက်ကတည်းက သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုတာလားဆီ
သွားပြီ
အဒေါ်ကြီးက ဈေးသွားဝယ်တယ်
အိမ်မှာ ကျွန်တော်တစ်ယောက်တည်း အေးအေးဆေးဆေးပဲ…

အဲ့တာကို Beamက ဖုန်းဆက်ပြီးထွက်လာပြီလား
လုပ်နေသေးတယ်
မလာပါဘူး…လာစရာလားလို့
ကိုယ့်ဖာသာ အေးအေးနေလို့ရနေတာကို

ကျွန်တော် ခြံတံခါးလေးခဏဖွင့်ပြီး ဟိုဟိုဒီဒီ
ကြည့်လိုက်တယ်…
အဒေါကြီးပြန်မလာသေးဘူး
နာရီကခုမှ 8:30ဆိုတော့ အဒေါ်ကြီးပြန်လာရင် လမ်းထွက်လျှောက်တာတို့…ပြေးတာတို့ လုပ်ဦးမှပါ

ဟိုစောင်ကလေးက အဲ့မွေးနေ့သွားမှာဆိုတော့ မတွေ့လောက်ပါဘူး
ခုတလော သူနဲ့တွေ့မှာ ကြောက်ရတာနဲ့ ကျွန်တော့်မှာ မနက်ဆိုထတောင် မပြေးရဲဘူး
ဒီနေ့တော့ အရမ်းတွေကံကောင်းနေသလိုလိုပဲ

ခြံထဲက ဒါန်းလေးမှာ ခဏထိုင်နေတုန်းရှိသေး…
'တင်…တောင်…'
တံခါး ဘဲလ်င်္တီးသံ…

အဒေါ်ကြီးများလား…
အဒေါ်ကြီးဆိုရင် တခါတည်း အိမ်ထဲဝင်လာလို့
ရတာပဲကို
တံခါးမှသော့မခတ်ထားတာလေ

ကျွန်တော် ခြံတံခါးရှေ့သွားရပ်လိုက်တော့…

''P'…''

အိ…ဟိုကောင်လေး!!!!!
ဘာလို့ရောက်လာရပြန်တာလဲလို့…ဟင့်

''ကားပျက်လို့ဆို P' ''

ကားပျက်တယ်!!
သူက ဘယ်လိုသိနေတာလဲ???
''မင်းကို ဘယ်သူပြောတာလဲ''

''P' Beamကို ဖုန်းဆက်မေးလိုက်တာ''

ငBeamစုတ်…
ကျွန်တော့်ဖုန်းဆက်မေးကတည်းက သွေးရိုးသားရိုး
မဟုတ်မှန်းထင်သား…
ပွဲစားခ ဘယ်လောက်ရထားလို့လဲမသိ
ကျွန်တော့်ကိုဆို တဆုံးပို့နေတာ…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now