Fall in L💜ve with my sister's crush!!!

Start from the beginning
                                    

စကားအပြောကောင်းဆုံးဆုရှိရင် သူ့ကိုသာ ပေးလိုက်ချင်တော့တယ်ဗျာ…
အဲ့ဒီလိုမျိုးတွေပြောနေတာနဲ့ပဲ ပြီးသွားရောတဲ့လား…
ဒီလိုမျိုးပြောနေတာ ဘယ်နှစ်ခါရှိပြီလဲ
ကျွတ်…ဒီတနေ့လုံးမဟုတ်လား

''အဲ့ဒီလိုပြောရင် ပြီးသွားပြီပေါ့…အဲ့လိုလား''

''P'စိတ်ဆိုးနေတာ ကျွန်တော်သိပါတယ်P'…
စိတ်လည်းဆိုးသင့်ပါတယ်။ကျွန်တော့်ကို အော်ချင်အော်ပါ…ဆူချင်ဆူပါ…P'မကျေနပ်နိုင်လို့ ထိုးမယ်ဆိုရင်လည်းရပါတယ်။ဒါပေမယ့် ထွက်မသွားပါနဲ့လားP'…ကျွန်တော် P'ကျွန်တော့်ကြောင့်ထွက်သွားရတာလို့ ထင်မိမှာစိုးလို့ပါ''

ဟင်!!…ပြောတတ်နေလိုက်တာ…
သူကြောင့်မဟုတ်လို့လား??…လို့
သူ့အလွန်ကိုကျွန်တော့်အလွန်ဖြစ်အောင် လာပြောနေတယ်…တကယ်သာ
ဆွဲထိုးလိုက်ရရင်တော့နော်

''ကျွန်တော့်အပြုအမူတွေက အပိုလုပ်ပြနေသလို ဖြစ်နေတာ ကျွန်တော်သိပါတယ်P'… ဒါပေမယ့် ဒါတွေကကျွန်တော့်ကိုယ်ကျွန်တော်တောင်မသိပဲ
ဖြစ်နေတာတွေပါ…P'''

ကျွန်တော် စိတ်ဆိုးပြေချင်သလိုလိုဖြစ်လာပြန်ပြီ…
သူပြောတာကြောင့်နဲ့ပဲ ကျွန်တော်င်္ဒီလိုဖြစ်နေတာလား…
ဒါပေမယ့်…သူ့မျက်လုံးတွေနဲ့ အပြုအမူတွေက… သူ့အပြောတွေကတိုက်ဆိုင်မှုမဟုတ်ကြောင်းကို
သက်သေပြနေတာလား…

''P'နဲ့ပတ်သက်တဲ့ကိစ္စတိုင်းမှာ ကျွန်တော်အပိုတွေ
လုပ်နေမိသလိုဖြစ်ပေမယ့်…ကျွန်တော် P'ကို ချစ်နေတာကတော့ တကယ်ပါP'…အဲ့တာကြောင့်…''

အဲ့တာကြောင့်…???

''ကျွန်တော့်ကို လက်ခံပေးလို့ရမလား P'… တကယ်လို့P'မဖြေချင်သေးရင်လည်း ကျွန်တော်စောင့်နိုင်ပါတယ်P'… ဒါပေမယ့် ကျွန်တော် P'ဆီကတစ်ခုလောက်ပဲ သိချင်တာပါ
P'ကျွန်တော့်ကို မငြင်းဘူးမို့လားဟင် ''

အခုထိ…ကျွန်တော် ဘာစကားမှပြန်မပြောမိသေး…
ဘာပြန်ပြောရမယ်မှန်းမသိသေးတာဆိုရင် ပိုမှန်လိမ့်မယ်ထင်တယ်

ဒါပေမယ့် ကားတံခါးကို ကိုင်ထားတဲ့ကျွန်တော့်လက်တွေ…
လွှတ်လိုက်မိတယ်…

Fall in love with my sister's crush!!!(MingKit)Where stories live. Discover now