Ep (22) Poison ~~

5.5K 547 107
                                    

Ep ^ 22 ^

Kyungsoo - "မင်း အဲ့အပုဒ်ကို ခုထိ တွက်လို့ မရသေးဘူးလား"

Kyaungsoo တစ်ယောက် စာရင်းဇယားပုစ္ဆာတွက်နေတဲ့ Jongin ကို ကြည့်ရင်း သက်ပြင်းသာချမိသည်။

Kyungsoo - "ညီမျှခြင်း ဒီဘက်ကဟာ နဲ့ ဟိုဘက်ကဟာတွေနဲ့က ညီနေရမှာပါဆို... ပြောတာလည်း မနည်းတော့ဘူး... ဒီတစ်ခါနောက်ဆုံးပဲ ထပ်မပြောတော့ဘူး... ကိုယ့်ဘာသာ ကိုယ် မှတ်ထားတော့...အိုကေ?"

Kyungsoo ပြောတာကို နားလည်နိုင်အောင် ကြိုးစားပေမယ့် ဘယ်လိုမှ နားမလည်တာမို့ jongin မျက်လုံးဝိုင်းလေးနဲ့ kyungsoo ကို ဒီတိုင်းလေး ငေးသာကြည့်နေမိသည်။

Kyungsoo လည်း သက်ပြင်းသာ အကြိမ်ကြိမ်ချရင်း...

Kyungsoo - "ဟင်း... အဆင်ပြေမယ့်ပုံလည်း မပေါ်ဘူး... မင်း ဆရာရှင်းပြတုန်းက လိုက်နားထောင်မနေဘူးလား"

Jongin နှုတ်ခမ်းလုံးလုံးလေး ရှေ့ကို ဆူလာရင်း...

Jongin - "ငါ... ငါ ဆရာ ဘာတွေပြောနေမှန်း နားမလည်လို့... "

Kyungsoo - "ဟူး... အဲ့တော့လည်း မင်း တွက်မရတာ မဆန်းပါဘူးကွာ..."

Jongin အားနာနာနဲ့ Kyungsoo ကို သွားလေးတွေ အကုန်ပေါ်အောင်သာ ရယ်ပြလိုက်သည်။

Kyungsoo စာအုပ်တွေ သိမ်းရင်း...

Kyungsoo - "အာ့ဆို ဒီနေ့တော့ ထားလိုက်တော့... မနက်ဖြန်မှ ငါတို့ ထပ်တွက်ကြည့်တာပေါ့... အိုကေ?"

Jongin - "Okay..."

နှစ်ယောက်သား စာအုပ်သိမ်းရင်း Kyungsoo အိတ်ထဲက ဖုန်းလာတော့ သိမ်းလက်စ စာအုပ်လေးတွေကို အသာဘေးချ... kyungsoo တစ်ယောက် ဖုန်းဆက်တဲ့သူကို ကြည့်လိုက်တော့...

ပျော်သလိုလို စိတ်လှုပ်ရှားသလိုလို

Kyungsoo - *H-hello!!*

ဟင်... kyungsoo တောင် စကားတွေ ထစ်နေပါလား??

အမြဲ အေးအေးဆေးဆေး ပြောဆိုတတ်တဲ့ kyungsoo က စကားတွေ ထစ်နေတော့ Jongin တောင် အံ့ဩမိသွားသည်။

Kyungsoo - *အော်... အင်း...ပြီး.. ပြီးပြီ... ငါ...ငါ အခု လာနေပြီ...*

မျက်နှာကလည်း ရှက်နေတဲ့ ပုံနဲ့??

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon