Ep (21) Text Message ~~

7.1K 586 92
                                    

Ep ^ 21 ^

စားသောက်ဆိုင်လေးထဲမှာ Taemin တို့ သူငယ်ချင်းအုပ်စု နေ့လည်စာအတူစားဖို့ တွေ့ကြရင်း စားပွဲထိုးကောင်လေးက ဟင်းချိုအိုးလေးယူလာတော့...

Onew - "waa... ဟင်းချိုရပီကွ..."

Minho - "စားကြစို့ ..^^"

အတန်းပြီးပြီးချင်းမို့ အားလုံးဗိုက်ဆာနေတာနဲ့ အလုအယက်စားနေကြရင်း...

Key - "ငါတို့ စားပြီးရင် တစ်နေရာရာ သွားကြမလား?? ဒီနေ့ ဘာအတန်းမှ မရှိတော့ဘူးဆိုတော့... ရုပ်ရှင်သွားကြည့်တာပဲဖြစ်ဖြစ်... ကာရာအိုကေဆိုင်သွားတာပဲဖြစ်ဖြစ်... ဘယ်လိုလဲ??"

Taemin - "andwae... ငါ လိုက်လို့မရလောက်ဘူး... နှစ်ဝက်စာမေးပွဲက နီးနေပြီလေ... ငါ အိမ်ပြန်ပြီး စာလုပ်ရမယ်..."

Key - "အာ... ဟုတ်သားပဲ... နှစ်ဝက်စာမေးပွဲနီးပြီနော်.. ငါ သတိကို မရတာ..."

Onew - "မင်းက ထွေထွေထူးထူး စာလုပ်စရာလိုလို့လား taemin ရယ်... ငါ သိသလောက်တော့ မင်းက တစ်နေ့စာ တစ်နေ့ စာအပြီးကြည့်တဲ့ သူ... အခုချိန်လောက်ဆို စာတွေ ရနေလောက်ရောပေါ့..."

Taemin ရယ်လိုက်ရင်း...

Taemin - "ကျွန်တော်လည်း စာကျက်ရမှာပေါ့ hyung ရ... ကျွန်တော်က hyung ထင်သလောက် မတော်ဘူးဗျ..ဟီး... "

Onew - "ငါတို့ အထက်တန်းကျောင်းမှာကတည်းက မင်းက အတော်ဆုံးကျောင်းသားပါကွာ... အချောဆုံး.. ပေါ်ပြူလာအဖြစ်ဆုံး ကျောင်းသား... ပြီးတော့ အကမှာ ပါရမီပါတဲ့ dancer တစ်ယောက်... မင်းက perfection ပဲ taemin-ah..."

Minho က အံ့ဩစွာ မျက်လုံးလေးဝိုင်းရင်း...

Minho - "တကယ်?? ငါ Taemin အဲ့လို ကောင်လေးမှန်း ခုမှ သိရတာ.."

Key - "အင်းပေါ့... ငါတို့သိတယ်ဆိုတာ ငါတို့က taemin နဲ့ အထက်တန်းကျောင်း တူတူပဲလေ... taemin က အဲ့တုန်းက တအားပေါ်ပြူလာဖြစ်ခဲ့တာကွ.."

Minho က မျက်ခုံးလေးပင့်ပြီးစတော့ Taemin ရှက်ပြုံးလေးပြုံးရင်းသာ မုန့်ဆက်စားနေသည်။

Jonghyun - "ခုတော့ Minho နဲ့ စာအတူတူလုပ်ပေါ့.. ပြောသာပြောရတာ... စာလုပ်နေရင်း စာမလုပ်ဖြစ်ဘဲ ဟိုဟာ ဒီဟာ အဆင့်တွေ ကျော်ကုန်ရင်တော့... အဟမ်း အဟမ်း..."

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon