Ep (10) Confusion ~~

5.6K 554 71
                                    

Ep ^ 10 ^

July လ ၂၆ ရက်.. နွေရာသီနေ့လေးတစ်နေ့ရဲ့
ညနေခင်းလေးတစ်ခုမှာ ချစ်ခွင့်ပန်နေတဲ့ အခိုက်အတန့်လေးတစ်ခု..

ခုထိ မယုံကြည်နိုင်သေးပေမယ့် သေချာသိလိုက်ရတဲ့အချိန်မှာ..
ကျွန်တော့်နှလုံးသားတစ်ခြမ်းက သူရဲ့ အခြားနှလုံးသားတစ်ခြမ်းကို ရှာတွေ့ခဲ့ပြီလေ...

ဖြတ်သန်းလာခဲ့ရတဲ့ ဘဝခရီးတစ်လျှောက်လုံးမှာ...
ပထမဆုံးအကြိမ် ကျွန်တော့်နှလုံးသားလိပ်ပြာလေးက အချစ်ဝတ်ရည်ကို သောက်သုံးတတ်ခဲ့ပြီ....

အဲ့ဒီအခိုက်အတန့်လေးမှာပဲ ကျွန်တော် အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ကျွန်တော်ဆိုတဲ့ လိပ်ပြာလေးက သူဆိုတဲ့ ပန်းပွင့်လေးကို ချစ်မိနေပါသည်တဲ့။

~~~~~~~~~~~~~~~~~~~~~~~~

Sehun တစ်ယောက် Jongin အခန်းရှေ့မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်၊ ပါးစပ်ကလည်း ပွစိ ပွစိနဲ့ ဂဏာမငြိမ်ဖြစ်နေသည်။ မနေ့က Jongin နဲ့လမ်းခွဲတော့မယ်လို့ Luhan ကို ပြောခဲ့ပေမယ့် ဒီမနက်ကျတော့ တွေဝေနေမိပြန်သည်။

Sehun - "အာာာာ ဘယ်လိုလုပ်ရင်ကောင်းမလဲ??"

အတန်းက နောက် ၁၅မိနစ်နေမှ ဆင်းမှာမို့ Jongin ကို ဘယ်လိုလမ်းခွဲစကားပြောရမလဲ ပြင်ဆင်ချိန်ရသေးသည်။ ဒါပေမယ့် ကံဆိုးချင်တော့ ပရော်ဖက်ဆာက အရေးကြီးကိစ္စလေးပေါ်လာတာမို့ အတန်းကို စောဆင်းပေးလိုက်သည်။

အတန်းထဲက ကျောင်းသားတွေ ထွက်လာကြတာတွေ့တော့ sehun ပိုစိတ်လှုပ်ရှားနေမိသည်။ တချို့ကျောင်းသားတွေက သူ့ကိုတွေ့တော့ အံ့ဩသွားကြရင်း တိုးတိုး တိုးတိုးနဲ့ အချင်းချင်းပြောသွားကြသေးသည်။
သေချာတာတော့ သူ Taemin ရဲ့ အမွှာကို ချစ်ခွင့်ပန်လိုက်တဲ့ ကိစ္စကိုပဲ ပြောနေကြမှာ သေချာသည်။ အဲ့ကိစ္စက ခုတလော ကျောင်းမှာ ရေပန်းအစားဆုံးသတင်းတစ်ပုဒ်ဖြစ်နေခဲ့တာကိုး။

Sehun တခြားကျောင်းသားတွေကို ဂရုစိုက်မနေတော့ဘဲ Jongin ကိုသာ လိုက်ရှာနေမိသည်။

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon