Ep (13) Night Date ~~

5.8K 576 40
                                    

Ep ^ 13 ^

Chanyeol.. Jongin ကို ဆေးရုံကနေ ခေါ်လာပြီး ကားပေါ်ရောက်တော့မှ...

Chanyeol - "ကဲ.. ဘာတွေ ဖြစ်ခဲ့လဲ ငါ့ကို ပြောပြလို့ ရမလား Jongin-ah... ပြီးတော့ လက်က ဒီဒဏ်ရာကရော ဘယ်လိုဖြစ်ရတာလဲ??"

Jongin ဖုန်းလှမ်းဆက်တော့ ကျွန်တော်က  အဲ့ဆေးရုံနားက ဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားနေတာမို့ ခဏလေးအတွင်း ကျွန်တော် Jongin ဆီရောက်လာခဲ့တာ။ Jonginဆေးရုံမှာလို့ ကြားထဲက မတော်တဆ တခုခုဖြစ်လို့များလားလို့ တွေးရင်း စိုးရိမ်နေခဲ့တာ။ ပိုဆိုးချင်တော့ ရောက်ရောက်ချင်း Jongin က မျက်ရည်တွေနဲ့လေ။

အခုလည်း ကားပေါ်ရောက်ကတည်းက မငိုတော့ပေမယ့် တခုခုကို စိတ်ဆိုးနေသလို နှုတ်ခမ်းလေးဆူထားရင်း ခေါင်းကြီး ငုံ့ထားသည်။

Jongin - "ငါ.. ငါ sehun ကို စိတ်ဆိုးလို့..."

Jongin ခဏငြိမ်သွားပြီးမှ...

Jongin - "ပြောရရင်တော့ ငါ ... ငါ မနာလိုဖြစ်မိတာ.. ဟို.. သဝန်တိုတယ်ပြောရမလား... ကလေးဆန်တာလို့ပဲပြောရမလား... "

Jongin ပြောနေတာ ဟိုလိုလို ဒီလိုလို မရှင်းတာမို့ Chanyeol ကားမောင်းတာ အရှိန်လေး နည်းနည်းလျှော့ရင်း အာရုံစိုက် နားထောင်နေလိုက်သည်။

Jongin - "ဟို.. အဲ့တာက.. Taemin နဲ့ ပတ်သက်လို့"

Chanyeol "Taemin" နာမည်ကြားလိုက်တာမို့ တအံ့တဩနဲ့ မျက်ခုံးလေး ပင့်လိုက်မိသည်။

Jongin - "sehun ကလေ Taemin အကြောင်းတွေပဲ မေးတယ်...Chanyeol ရယ်..သူက ဘာလို့ Taemin နဲ့ ပတ်သက်ပြီး အဲ့လောက်စိတ်ဝင်စားရတာလဲမသိဘူး... ငါနဲ့တွေ့တိုင်း သူ ပြောတဲ့ အကြောင်းအရာတွေက အကုန် Taemin နဲ့ ပတ်သက်တာတွေချည်းပဲ။ သူ ငါ့အကြောင်းကိုကျ ခုထိ တစ်ခါလေးတောင် မမေးခဲ့ဘူး....."

Chanyeol မျက်နှာအလိုမကျစွာ မျက်မှောင်ကြုတ်ရင်း..

Chanyeol - "တကယ်လား Jongin?"

Jongin သက်ပြင်းချရင်း...

Jongin - "အင်း... ငါ.. ငါကြောက်တယ်Chanyeol ရယ်... သူ..သူလည်း Taemin ကို ချစ်.. ချစ်မိသွားမှာ ငါကြောက်တယ်..."

Chanyeol Jongin ရဲ့ ဝမ်းနည်းတုန်ခါနေတဲ့ အသံလေးတွေကြားတော့ အလိုလို အံကျိတ်ထားမိသလို ကားစတီယာရင်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon