Ep (7) Confession~~

4.5K 517 58
                                    

Ep ^ 7 ^

ပရော်ဖက်ဆာအတန်းပြီးလို့ ထွက်သွားတော့ Kyungsoo လည်း ပစ္စည်းတွေသိမ်းရင်း...

Kyungsoo - "jongin-ah... ငါတို့ ဒီည graduation party သွားကြမလား.."

Jongin - "ငါတော့ သွားသင့်တယ်ထင်တယ်..."

Jongin လည်း သူ့ပစ္စည်းတွေသိမ်းနေရင်း..

Jongin - "ငါတို့က ဒီနှစ်မှ ကျောင်းသားသစ်တွေလေ... စီနီယာတွေရဲ့ ပွဲဆိုတော့ သွားသင့်တယ်ထင်တာပဲ... အရင်နှစ်တွေတုန်းကလဲ ဂျူနီယာတွေက အမြဲဂုဏ်ပြုပေးနေကျတဲ့... အစဉ်အလာလိုဖြစ်နေတော့ မသွားရင် ကောင်းပါ့မလားလို့..."

Kyungsoo က သူ့လွယ်အိတ်ကိုလွယ်ပြီး ထရပ်လိုက်ရင်း..

Kyungsoo - "အာ့တော့ဟုတ်သား... အာ့ဆို အတူတူသွားကြမယ်လေ.. ငါဒီည ၇နာရီလောက် မင်းအိမ်ကို ငါ့ကားနဲ့ပဲ လာကြိုလိုက်မယ်... ready လုပ်ထား... okay?.."

Jongin တအံ့တဩမော့ကြည့်ရင်း..

Jongin - "ဟင်... မင်းက ကားမောင်းတတ်တယ်??"

Kyungsoo - "အင်းလေ...ဘာလဲ.. ငါ့ရုပ်က ကားမောင်းတတ်တဲ့ပုံမပေါ်လို့လား.."

Jongin - "အဲ့လိုတော့လည်း မဟုတ်ပါဘူး... okay.. ငါ ညနေကျရင် စောင့်နေမယ်.."

Kyungsoo ပြုံးရင်း ခေါင်းညိမ့်ပြပြီး ထွက်သွားတော့ jongin လည်း မြန်မြန်သွက်သွက်သိမ်းရင်း kyungsoo အကြောင်းတွေးမိပြန်သည်။

Kyungsoo က အေးတိအေးစက်နဲ့မို့ ခင်တတ်မင်တတ်တဲ့ပုံစံမပေါက်ပေမယ့် တကယ့်တကယ်ကျ အဲ့လိုမဟုတ်။

Jongin အတန်းထဲက ထွက်လာပြီး ကော်ရစ်ဒါအတိုင်းလျှောက်လာရင်း ဘယ်ဘက်ကို လှည့်ကြည့်မိတော့ ဟိုဘက်အဆောင်ကော်ရစ်ဒါမှာ စကားရပ်ပြောနေတဲ့ သူ့အမွှာအစ်ကို Taemin နဲ့.... နောက်တစ်ယောက်က အရပ်ရှည်ရှည် ဆံပင်အညိုရောင်လေးနဲ့ ...

အော်... choi Minho ပဲ...

Taemin hyung က ဘယ်သူနဲ့မဆို ပြုံးပျော်နေတတ်တာ... လူတိုင်းကလည်း hyung အနားမှာဆို ပျော်ရွှင်နေကြတာပါပဲလေ...

Jongin ဆက်မကြည့်တော့ဘဲ သူ့လမ်းသူသာ ဆက်လျှောက်သွားလိုက်သည်။

Jongin ဟိုဘက်ကော်ရစ်ဒါကနေ လျှောက်သွားတာကို Minho က လှမ်းသတိထားမိလိုက်တာမို့...

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon