Ep (20)

4.4K 449 30
                                    

Teaser ပါလို့... ^_^

ဒီနေ့မနက်တော့ Jongin အိပ်ရာထ,ထချင်း အရင်လို အိပ်ချင်မူးတူးမဟုတ်ဘဲ လန်းဆန်းတက်ကြွနေသည်။

အကြောင်းရင်းက ဒီနေ့ Sehun နဲ့ ချိန်းထားသည်လေ။

Sehun က ဘယ်နေရာကို သွားကြမယ်ဆိုပြီး ကြိုပြောထားတာမျိုးလည်း မဟုတ်တော့.. ပို စိတ်လှုပ်ရှားနေမိသည်။

မြန်မြန်ဆန်ဆန် ရေမိုးချိုး ပြင်ဆင်ပြီး သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်နေတုန်း.... ဖုန်းလာလို့ ကြည့်လိုက်တော့... Hunnie♡

Jongin - * ခဏလေးစောင့်နော်... ခုဆင်းလာခဲ့မယ်..*

Sehun - *okay... ကိုယ် စောင့်နေမယ်...*

တစ်ဖက်က sehun ရဲ့ ရယ်သံလေးကို ကြားလိုက်ရတော့ Jongin ကိုယ်တိုင်လည်း ပြုံးရင်း ဖုန်းချပြီး သူ့အိတ်လေးဆွဲရင်း ကလေးလေးလို ခုန်ပေါက်ပြေးထွက်လာခဲ့သည်။

အောက်ထပ်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေသည်။  Jongin မေမေကလည်း အမွှာတို့ ဦးလေးဆီ သွားတာရယ်... သူ့ဖေဖေကလည်း အလုပ်သွားတာရယ်... Taemin ကလည်း Minho နဲ့ ချိန်းထားပုံရတာကြောင့် အိမ်မှာ ဘယ်သူမှ မရှိတာမို့ Jongin တံခါးကို သေချာပိတ်ရင်း sehun ကားလေးဆီသာ ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်။

Jongin ကားထဲကို ဝင်ထိုင်ပြီး sehun ကို ပြုံးရင်း ကြည့်လိုက်တော့... sehun ကလည်း ပြုံးလိုက်ရင်း...

Sehun - "hi... pretty.."

Sehun ရဲ့ နှုတ်ဆက်သံကြောင့် Jongin တစ်ယောက် ရှက်ပြုံးလေးပြုံးမိပါသည်။

Jongin - "H-hi"

Sehun က သဘောကျစွာ ပြုံးလိုက်ပြီး ကားစထွက်လိုက်ရင်း...

Sehun - "ဒီနေ့ ကိုယ် Nini ကို ခေါ်သွားစရာ နေရာလေးတစ်ခုရှိတယ်... အဲ့နေရာလေးကို Nini လည်း သဘောကျမယ်ထင်ပါတယ်... "

Jongin က မျက်လုံးလေး ဝိုင်းသွားရင်း...

Jongin - "တကယ်? ဘယ်နေရာလဲ??"

Sehun က ကားမောင်းနေရင်း Jongin ဘက်ကို လှည့်ကြည့်ပြီး မျက်လုံးလေးတစ်ချက် မှိတ်ပြလိုက်ရင်း...

Sehun - "ရောက်ရင် သိမှာပေါ့...^^.."

Jongin ပြုံးလိုက်ရင်း sehun ခေါ်သွားမယ့် နေရာကို တွေးနေမိသလို Sehun တစ်ယောက်လည်း ကားမောင်းနေရင်း စိတ်လှုပ်ရှားနေမိသည်။

Sehun အရင်နေ့တုန်းက Jongin သဘောကျတတ်တဲ့ နေရာတွေကို Taemin ဆီမှာ မေးကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် Jongin သဘောအကျဆုံးနေရာက သူကိုယ်တိုင်လည်း အရမ်းသဘောကျတဲ့ နေရာလေးဖြစ်နေခဲ့သည်လေ။

ဒါပေမယ့် အဲ့လိုမတိုက်ဆိုင်ခဲ့လည်း ကိစ္စမရှိပါဘူး...

Jongin သဘောကျတဲ့နေရာက ပင်လယ်ကမ်းခြေပဲဖြစ်ဖြစ် တောင်တွေဆီပဲဖြစ်ဖြစ်.. အရမ်းဝေးတဲ့ Galaxy ဆိုရင်တောင် သူကိုယ်တိုင် Jongin ကို လိုက်ပို့ပေးချင်သည်။

ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် Jongin သာ ပျော်ရွှင်ရမယ်ဆိုရင် sehun ဘာမဆို အစွမ်းကုန်ကြိုးစားပြီး ဖြည့်ဆည်းပေးချင်ပါသည်။

ဘာလို့ဆို... Jongin ရဲ့ ပျော်ရွှင်မှုက Sehun ရဲ့ ပျော်ရွှင်မှု ဖြစ်နေခဲ့ပြီမို့....

A/N
EXO ရဲ့ promise...
SuJu ရဲ့ sorry sorry
iKON ရဲ့ Apology
JustinB ရဲ့ sorry
အားလုံးဆိုပြပြီးတောင်းပန်ပါတယ်လို့... အပ်ပုဒိတ်က တော်တော်နောက်ကျသွားတာ... jinja mianhae yo...
June 9 update ဖို့ကို comeback stalk တာနဲ့ အခြားအခြားသော အကြောင်းတွေကြောင့် နောက်ကျသွားတာပါလို့... don't worry... ဒီတစ်ခါ အကြာကြီးပျောက်တော့ဖူး... c ya soon^^

MickeyLeonSilva mianhae yo... promise တစ်ဝက်တော့ တည်ပါတယ်လို့..:3:3

Btw... babesis... gomawo yo<3<3

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon