Ep (18) Mental Breakdown ~~

5.7K 588 31
                                    

Ep ^ 18 ^

Taemin ကျောင်းက ခုံတန်းလေးတစ်ခုမှာ ထိုင်ရင်း သူ့လက်ထဲက ဖုန်းလေးကိုသာ ငေးကြည့်နေမိသည်။
အခုတလော သူ့ဆီ ခြိမ်းခြောက်တဲ့ message တွေ သတိပေးတဲ့ မေးခွန်းတွေ ထူးဆန်းစွာ လုံးဝရောက်မလာတော့။ အဲ့အတွက် Taemin ပိုစိတ်လေးမိပါသည်။ ခုအခြေအနေကြီးက မုန်တိုင်းမလာခင် လေငြိမ်နေသလိုကြီးဖြစ်နေသည်လေ။

"TAEMIN"

Taemin သူ့နာမည်ကို ရုတ်တရက် အော်ခေါ်သံကြားလိုက်ရတာကြောင့်ရယ်...ပခုံးကိုလာပုတ်လိုက်တဲ့ လက်ကြောင့်ရယ် လန့်ပီး ထခုန်မိသလိုဖြစ်သွားသည်။

ဘယ်သူများလဲလို့ ကြည့်လိုက်တော့.. သူ့သူငယ်ချင်း... Key...

Taemin - "Key-ah... လန့်သွားတာပဲ!!"

Key ကတော့ ရယ်ပြီး လျှာလေးထုတ်ပြရင်း Taemin ဘေးကို ဝင်ထိုင်လိုက်သည်။

Key - "ဗိုက်ဆာလိုက်တာကွာ... တခုခုသွားစားရအောင်..."

Taemin က သူ့ဖုန်းလေးကို ကျောပိုးအိတ်ထဲ ထည့်လိုက်ရင်း...

Taemin - "ဟင်.. တခြားလူတွေရော..."

Key - "Onew နဲ့ Jonghyun က အတန်းမပြီးသေးဘူးလေ... Minho ရော??"

Taemin - "သူလည်း အတန်းတက်နေတုန်းပဲ... ငါတို့ ဘယ်မှာသွားစားရင် ကောင်းမလဲ??"

Key - "ငါ ကျောင်းမှာတော့ မစားချင်ဘူးကွာ... အပြင်မှာ ထွက်စားရအောင်... Pasta ဖြစ်ဖြစ် pizza ဖြစ်ဖြစ်ပေါ့.. ငါ အီတလီအစားအစာ စားချင်နေလို့..."

Taemin - "အီတလီအစားအစာ... အိုကေလေ... သွားစားတာပေါ့..."

ဒီလိုနဲ့ Taemin ရယ် key ရယ် ဟိုအကြောင်းဒီအကြောင်းပြောရင်း... ကျောင်းကနေ ထွက်လာလိုက်သည်။

Key - "ဟိုမှာ Krystal မလား??"

Taemin တစ်ယောက် Key ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ krystal... Amber ရယ် Sulli ရယ်နဲ့အတူ ဂျပန်စားသောက်ဆိုင်လေးမှာ နေ့လည်စာ စားနေကြသည်။

Taemin - "ငါတို့ရော သူတို့နဲ့ အတူ သွားထိုင်ကြမလား??"

Key - "ဟင်... ဟင့်အင်း.."

Key က နှုတ်ခမ်းလေးကိုက်ရင်း ခေါင်းတခါခါနဲ့ ငြင်းတော့...

Taemin - "ဘာလို့လဲ??"

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon