Ep (3) Falling in love ~~

4.6K 517 6
                                    

Ep ^3^

Kyungsoo - "ဒီနေ့ နေ့လည်အချိန်ကျရင် Human Resource နဲ့ ပတ်သက်တဲ့ စာတမ်းထပ်ရမှာ...ပြီးသွားပြီလား.."

Jongin သူ့ကို လှမ်းမေးတဲ့ Kyungsoo ဘက်ကို လှည့်ကြည့်လိုက်ရင်း

Jongin - "ဟင်...မပြီးသေးဘူး"

Kyungsoo - "တကယ်! အဲ့စာတမ်းက ဒီနေ့မှ မထပ်ရင် အမှတ်လျှော့မှာလေ..ပိုဆိုးတာ ဒီလ စာမေးပွဲပါ ကျနိုင်တယ်!!"

Kyungsoo အံ့ဩစွာနဲ့ Jongin ဘက်ကို ကြည့်ပြီး ပြန်ပြောလိုက်တယ်။ အခုကျောင်းစတက်တဲ့ တစ်ပတ်အတွင်း သူ Jongin မျက်လုံးကို ကြည့်ပြီး စကားပြောတာ ဒါ ပထမဆုံးပါ။

Kyungsoo စကားကြားတော့ Jongin စိတ်ရှုပ်တဲ့ မျက်နှာလေးနဲ့...

Jongin - "ဒါမယ့် ဘယ်လို လုပ်ရမလဲ ငါမသိဘူး...."

Kyungsoo - "ခုတလော စီးပွားရေးလောကမှာ အောင်မြင်နေတဲ့ Y Generation အကြောင်းကို internet မှာ ရှာပြီး ကိုယ်သိထားတာတွေကို type... ပြီးရင် Print ထုတ်ရုံပဲ... ဘာမှ မခက်ဘူး... အရင်အပတ်ကလည်း ပရော်ဖက်ဆာက Y generation အကြောင်း သေချာရှင်းပြသွားတာပဲဟာ....မင်းနားမထောင်ဖြစ်လိုက်ဖူးလား..."

Jongin သူ့ အောက်နှုတ်ခမ်းထူထူလေးကို ကိုက်ရင်း...တွေးနေမိတာ...

သူ အဲ့လို စီးပွားရေးစာတမ်းတွေ လုပ်နေရတာကို မကြိုက်ဘူး... သူ စီးပွားရေးဘာသာရပ်ကို သဘောမကျဘူး.... အဲ့စာတွေ ကျက်ရတိုင်း မှတ်ရတိုင်း သူ့ခေါင်းတွေ တအားမူးနောက်လာတယ်...

Jongin စီးပွားရေးဘာသာကို မုန်းတယ်...

ဒါ့ကြောင့်လဲ ပရော်ဖက်ဆာရှင်းပြတိုင်း သူ့ခေါင်းထဲကို စာတွေ သေချာရောက်မလာခဲ့ဘူးလေ...

Jongin ရဲ့ ပုံစံကို ကြည့်ရင်း Khyungsoo တစ်ယောက် သက်ပြင်းချပြီး သူ့အိတ်ထဲက ပစ္စည်းလေးတစ်ခုကို ထုတ်... Jongin လက်ထဲ ထည့်ပေးလိုက်တယ်...

USB Disk လေးတစ်ခု...

Kyungsoo - "ငါရေးထားတာကို ကူးလိုက်ပါ... ဒါပေမယ့် စာလုံးတွေတော့ ပြောင်းလိုက်ပေါ့... ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြင်ချင်တာပြင်ပြီး မင်းသိထားတာလေးတွေလည်း ထပ်ထည့်လိုက်ပေါ့... အာ့ဆို ပရော်ဖက်ဆာမသိလောက်ပါဘူး... ဒီတိုင်းကြီးတော့ အတူတူတင်လိုက်လို့ မကောင်းဘူးကွ...တော်ကြာ နှစ်ယောက်လုံး အတန်းထဲမှာ အရှက်ကွဲနေဦးမယ်... Okay?"

The Ugly TwinTahanan ng mga kuwento. Tumuklas ngayon