Ep ^ 6 ^
လှောင်အိမ်ထဲက ငှက်ငယ်လေးရယ်...
သူအလိုရှိရာ ပျံသန်းခွင့် မရနိုင်ဘူး...
သူ့နှလုံးသားရဲ့ ဆန္ဒအတိုင်း သူ့အိမ်မက်တွေရှိရာဆီ
သူမပျံသန်းနိုင်ခဲ့ဘူး...
ဒါဆို သူ့ရဲ့အတောင်ပံတွေက ဘာအတွက်လဲ...
ပျံသန်းခွင့်မရတဲ့ ငှက်ကလေးအတွက် အတောင်တွေ ရှိနေတော့ရော ဘာအတွက် အသုံးပြုရမှာလဲ...
သံတိုင်တွေ ဝန်းရံထားတဲ့ လှောင်အိမ်လေးထဲကနေ...
တခြားငှက်လေးတွေ လွတ်လပ်စွာ ပျံသန်းနေတာကို ငေးရင်း...
တစ်ကောင်နဲ့တစ်ကောင် ပျော်ရွှင်စွာ ဆော့ကစားနေတာကို အားကျစွာ ငေးမောရင်း...
နောက်ဆုံး နားလည်လိုက်တာက...
ပျံသန်းခွင့်မရတဲ့ ငှက်ကလေးလို
အိမ်မက်တွေဆီ လှမ်းလျှောက်ခွင့်မရတဲ့ ကျွန်တော်ဟာလည်း...
လှောင်အိမ်ထဲက ငှက်လေးတစ်ကောင်ဆိုတာပါပဲ...Jongin.. keyboard က enter button လေးနှိပ်ပြီး သူ့ Blog လေးမှာ ထပ်တင်လိုက်သည်။ သူညတိုင်း မအိပ်ခင် လုပ်နေကြကိစ္စလေးတစ်ခုပေါ့၊ ပြီးသွားတော့မှ computer ကို ပိတ်ပြီး အိပ်ရာပေါ်လဲလိုက်သည်။
မနက် ၂နာရီ ၁၅ မိနစ်ရှိနေပေမယ့် Jongin အိပ်လို့ မပျော်သေးပါ။
"ပျံသန်းခွင့်..."
Jongin သူတင်ထားခဲ့တဲ့ post လေးအကြောင်းကို တဖြေးဖြေးအိပ်ပျော်သွားတော့ သူ အိပ်မက် မက်သည်လေ။
အိပ်မက်ထဲမှာ Jongin က လှပလွန်းတဲ့ ပန်းခြံကျယ်ကြီးတစ်ခုမှာ ထိုင်နေတုန်း လူသန်ကြီးနှစ်ယောက်ရောက်လာပြီး သူ့ကို Candies အကြီးကြီးတွေနဲ့ အိမ်ဆောက်ခိုင်းသည်။ သူလည်း ကြောက်ကြောက်နဲ့ ဆောက်နေတုန်း ဖြူဖွေးဆွတ်နေတဲ့ ယုန်ကြီးတစ်ကောင်ယောက်လာပြီး သူ့ကို ခါးကနေ ချီပြေးတော့သည်။ သူလည်း အစက သတ်မယ်ထင်ပြီး ကြောက်နေခဲ့ပေမယ့် တစ်နေရာရောက်တော့ သူ့ကို လွှတ်ပေးလိုက်တာမို့ ရောက်တဲ့နေရာကို ကြည့်မိတော့...
ရေတံခွန်လေးတစ်ခုနဲ့ ပန်းရနံ့တွေမွေးပျံ့နေပြီး အရမ်းလှတဲ့နေရာလေးတစ်ခု....
သူ ယုန်ကြီးဘက်လှည့်ကြည့်လိုက်တော့ ယုန်မဟုတ်တော့ဘဲ လူတစ်ယောက်...
BINABASA MO ANG
The Ugly Twin
FanfictionDescription "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ရုပ်ချင်းခွဲမရလောက်အောင် တူတဲ့ အမွှာညီအစ်ကိုပေမယ့ို့၂ယောက်လုံးရဲ့ ဘဝတွေက တောင်နဲ့ မြောက်လိုပဲ ဝင်ရိုးစွန်းတစ်ခုပေါ်မှာ အတူရှိနေပေမယ့် လုံးဝ...