အပိုင်း [ ၁၅ ]

4.6K 425 5
                                    

ဆုတောင်းတိုင်း မပြည့်ဆိုတဲ့ စကားတစ်ခုရှိသည်။
ဆုတောင်းတိုင်း မပြည့်မှန်းသိရင် လူတွေဘာလို့
ဆက်ဆုတောင်းနေကြတာလဲ? သေချာတာတော့
ထိုလူတွေက အမှားတစ်ခုကို မှားမှန်းသိရက်နဲ့
တောင် ထပ်ခါထပ်ခါမှန်လာဖို့မျှော်လင့်နေကြ
လောက်ထိ ရူးမိုက်ကြလွန်းလို့လေ။ Kim Jong In သည်လည်းလူထဲကလူတစ်ယောက်ပေမို့
ရူးမိုက်ခြင်းနဲ့ခွဲထားလို့မရနိုင်။

အခုပင်လည်း သူရဲ့မပြည့်နိုင်တဲ့ဆုတောင်းနဲ့
ဆန့်ကျင်စွာ Oh Sehun သည်သူရှိရာအရပ်ကို
တစ်ယောက်တည်းဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပြန်ခဲ့သည်။

"...Jong In~ah..."

ဟင့်အင်း... မလာနဲ့။ ထွက်သွား...။အခုသွားရင်
မှီသေးတယ်။ အနားကိုမလာပါနဲ့ဆို။
တားမြစ်နေတဲ့ စကားသံက ပါးစပ်ကိုစည်းထားတဲ့
အဝတ်စကိုလွန်ပြီး ထွက်မလာ။

"Jong In~ah..."

Jong In ရဲ့တားမြစ်သံကိုမကြားသည့် Sehun
ကြားခဲ့ရင်လည်း နားထောင်မှာမဟုတ်သည့်
Sehun က Jong In ကအနားကိုရောက်လာကာ
ကြိုးတွေဖြည်ပေးဖို့ကြိုးစားနေသည်။

"ummm... ummm ..."

အနောက်မှာ...။ အနောက်မှာလို့!! Oh Sehun!
ကျေးဇူးပြုပြီးနောက်ကို လှည့်ကြည့်လိုက်စမ်းပါ။

ပါးစပ်ပေါ်ကအဝတ်စကိုမဖြည်ရသေးတာမို့ စကား
လုံးတွေက ဗလုံးဗထွေးတာ ထွက်လာသည်။ ဖြစ်ချင်တိုင်းမဖြစ်နိုင်သည့်အနေအထားကြောင့်
မျက်ရည်များသာပိုကျလာရသည်။

နောက်က ဓားကိုင်ထားတဲ့ သူ့မျက်နှာကယုန်လေး
ကိုဖမ်းမိတော့မယ့်ဆဲဆဲဖြစ်နေတဲ့ မုဆိုးတစ်
ယောက်လိုဝင်းလက်နေသည်။

*အင့်*

ဘယ်လိုမှပြောမရတဲ့အဆုံး Sehun ဖြည်ပေးလို့
လွတ်နေတဲ့ ခြေထောက်နဲ့ Sehun ကိုဆောင့်ကန်
လိုက်မိသည်။ Jong In ခြေထောက်နဲ့ဆောင့်ကန်
လိုက်တော့မှ Sehun လည်းနောက်က ဟိုလူကို
မြင်တော့သည်။ ဓားနဲ့ကျောကို ထိုးဖို့ပြင်နေတဲ့
အခြေအနေကနေကပ်သီးလေးလွတ်သွားပေမဲ့
ဓားကိုရှောင်ဖို့အချိန်သိပ်မရှိတာမို့ ရှပ်ထိသွား
သည့် လက်မောင်းကသွေးတွေက ရဲခနဲ။

Oh! Sehun... (SeKai)Where stories live. Discover now