အပိုင်း [ ၄ ]

8.3K 584 16
                                    

Kai's POV

ဒီနေ့အတွက်က ဖိနပ်ကြော်ငြာတစ်ခုရိုက်ပေးပြီး ဒီဇိုင်နာတစ်ယောက်ရဲ့ ဖက်ရင်ရှိုးတစ်ခုမှာသီချင်း
ဆိုပေးရုံပဲရှိတာမို့အိမ်မှာပဲအေးဆေးနေနေမိသည်။

ကြော်ငြာရိုက်ကွင်းက 3:00 နာရီမှဆိုတော့ 2:30
လောက် Kyung Soo လာခေါ်ရင်ဖြစ်ပါတယ်။
Kyung Soo ကိုတော့လာတော့ ခေါ်ခိုင်းထားတာ
ပဲ။မန်နေဂျာ?? မလိုဘူး…။ သူလည်းအခုလောက်
ဆိုကျွန်တော့်ဆီကိုတောင်လာတော့မှာတောင်မ
ဟုတ်ဘူး။ ကြောက်သွားလို့တော့မဟုတ်လောက်
ဘူး။ ကျွန်တော့်လိုလူကသူ့ကိုအနိုင်ယူသွားလို့
ရှက်ပြီး မလာနိုင်တော့တာပဲဖြစ်ရမယ်။ မလာလည်း
ကျွန်တော့်အတွက်ကိစ္စမရှိပါဘူးလေ။ နောက်တစ်
ယောက်ထပ်ရှာလိုက်ရင်ဖြစ်တယ်။

တဖြည်းဖြည်းနဲ့ 2:00 တောင်ခွဲတော့မယ်။ Kyung Soo ဆီကဖုန်းလည်းမလာသေးပါလား?
'ငါမအားသေးလို့ ကိုယ့်ဘာသာကိုယ်ပဲလာခဲ့တော့'
လုပ်ဦးမယ်နဲ့တူတယ်။ အဲ့ကောင်ကလေ လူပုသ
လောက်တော်တော်အလုပ်များတဲ့ကောင်။ အလုပ်
တွေပိနေလို့ အရပ်မထွက်တာပဲနေမယ်။

"…Yah! Do ပု... ဒီတစ်ခေါက်လည်း ငါကိုယ့်ဘာ
သာကိုယ်သွားလိုက်ရတော့မလား?..."

"...Eh? မင်းအခုထိ ရိုက်ကွင်းကိုမရောက်သေးဘူး
လား? ငါ မင်းရဲ့မန်နေဂျာကိုလာခေါ်ခိုင်းထားတယ်
လေ…"

"ဘာ?... ငါ့ကိုဘယ်သူလာခေါ်မှာ?..."

"မင်းမန်နေဂျာ… ဒါနဲ့အခုထိမရောက်သေးဘူး
လား-…"

စိတ်တိုလွန်းလို့ Kyung Soo ပြောတာကိုဆုံး
အောင်တောင်နားမထောင်တော့ဘဲ ဖုန်းကိုချပစ်
လိုက်သည်။ သူကဘယ်လောက်တောင်အလုပ်များ
နေလို့လဲ? နောက်ပြီးသူကဘာသိလို့လဲ? သူက
ကျွန်တော့်မန်နေဂျာဆိုတဲ့ သူအကြောင်းဘယ်
လောက်သိလို့လဲ? သူက Oh Sehun အကြောင်း
ဘယ်လောက်သိလို့လဲ?
ဒါနဲ့ Oh Sehun ကဘာလို့အခု
ထိရောက်မလာသေးရတာလဲ? တကယ်ပဲကျွန်တော့်နားကိုလုံးဝမလာတော့ဘူး
လား? တကယ်ကြီးကိုမလာတော့ဘူးလား?...။

အချိန်အတန်ကြာတဲ့အထိ ဘာအရိပ်အယောင်မှ
မတွေ့ရသေးတာမို့ အနည်းငယ်တော့ အခြေအနေ
လေးချောင်းကြည့်လိုက်ပါဦးမယ်။ ပြူတင်းပေါက်
ကနေချောင်းကြည့်လိုက်တော့ အပြင်မှာကားလေး
တစ်စီးတော့ရပ်ထားတာတွေ့သည်။ နေဦး အဲ့ဒါ
Ent ကကားမဟုတ်လား?...။ကားထဲမှာ လူလည်း
မရှိဘူး။ဒါဆို မဟုတ်မှလွဲရော...။
ကျွန်တော် ကတိုက်ကရိုက်နဲ့အိမ်အောက်ထပ်ကို
ပြေးဆင်းသွားမိသည်။အပြင်မှာ ဒီနေ့အရမ်းအေး
နေတယ်။ နေဦး… အပြင်မှာအေးတာ မအေးတာ
ဘာလုပ်ရမှာလဲ? ကျွန်တော်ကရော ဘာလို့အဲ
လောက်အလောတကြီးပြေးဆင်းသွားရတာလဲ?
သွားနေရင်းနဲ့ တံခါးနားအရောက်တွင်ကျွန်တော်
ကိုယ်တိုင်ကျွန်တော့်ခြေလှမ်းတွေကို သိသိသာသာ
နှေးပစ်လိုက်သည်။ အသက်ကိုဖြည်းဖြည်းရှူရင်း
တံခါးလက်ကိုင်ဘုကိုလှည့်ပြီးတံခါးကိုဖွင့်ကြည့်
လိုက်သည်။
အေးလိုက်တာ…အပြင်ကလေတွေကမျက်နှာကို
လာရိုက်တာ လေဖြတ်မတတ်ဘဲ။ ဒါပေမဲ့ မျက်စိ
ရှေ့ရောက်နေတဲ့လူတစ်ယောက်ကြောင့်အေးတာ
တွေ ဘာတွေလည်းသတိမရတော့။

Oh! Sehun... (SeKai)Where stories live. Discover now