အပိုင်း [ ၃ ]

8.6K 548 17
                                    

အပ်ကျသံတောင်မကြားရတဲ့ ဒီအိမ်အကျယ်ကြီး
ထဲတွင်ကောင်လေးတစ်ယောက် သူ့လက်ထဲက
ဖုန်းလေးကိုသာသေချာစိုက်ကြည့်နေသည်။
စိုးရိမ်မှုတွေနဲ့ပြည့်နေသောကြောင့် သူ့မျက်ဝန်း
လေးများက ခါတိုင်းလိုအရောင်မတောက်နိုင်။
သက်ပြင်းတွေချရတာလည်း အကြိမ်ကြိမ်။
နာရီကိုကြည့်လိုက်တော့လည်း 2:37 PM...။

~~ကျွီ~~

အိမ်ရှေ့တံခါးမကြီးပွင့်သံကြောင့် အိမ်ထဲက
ကောင်လေး ဆတ်ခနဲ ခေါင်းထောင်လာသည်။
အိမ်ရှေ့ကိုမပြေးရုံတမယ်လေး ထွက်သွားပြီး
အိမ်ထဲဝင်လာသည့်သူကိုကြည့်လိုက်သည်။

"နောက်ကျလိုက်တာ ငါ့မှာစိတ်ပူလို့သေတော့
မယ်... ဖုန်းလည်းမကိုင်ဘူး... ဘယ်တွေသွား-"

သူပြောနေတဲ့ စကားကိုမကြားတာပဲလား? တမင်
တကာ မသိချင်ယောင်ဆောင်နေတာပဲလား?
မသိ။ သူ့ကိုကျော်သွားပြီး အိမ်ပေါ်ကိုတက်ဖို့
လုပ်နေသော ကောင်လေးတစ်ယောက်ကြောင့်
သူ့စကားတွေ ရပ်တန့်သွားရသည်။
သူလည်းဒေါသထွက်သွားကာ ထိုကောင်လေး၏
လက်ကောက်ဝတ်ကိုဆတ်ခနဲဖမ်းဆွဲလိုက်သည်။

"အကြီးကပြောနေရင်နားထောင်ရတယ်... Oh
Sehun..."

သူကပြောလည်း Sehun ကိုလည်းသူနဲ့မျက်နှာ
ချင်းဆိုင်ဖြစ်အောင်ဆွဲလှည့်လိုက်သည်။

"...ဟင်..."

အာမေဋိတ်သံတစ်ခုက သူမခိုင်းစေရပါဘဲနဲ့
နှုတ်ခမ်းက လွတ်မြောက်သွားသည်။

င်္ိ"...Luhan hyung..."

ငိုသံပါနေသော Sehun ဆိုတဲ့ ကောင်လေးက
သူ့ထက်အရပ်မရှည်သော Luhan ရင်ခွင်ထဲကို
ခေါင်းတိုးဝင်လိုက်ကာ ငိုချလိုက်သည်။

"Sehun~ah... ဘာဖြစ်လာတာလဲ? Hyung
ကိုပြောစမ်း..."

Sehun ကငိုမြဲသာ ငိုနေသည်။

"Sehun~ah..."

"တောင်းပန်ပါတယ်..."

"ဘယ်သူ့ကိုလဲ?... Hyung ကိုလား?..."

Sehun ကဘာမှမပြောဘဲခေါင်းကိုသာတွင်တွင်
ခါနေသည်။
ဒီကလေး ဘာဖြစ်လာတာလဲ?...။ ခါတိုင်းဆိုသူ
ကပဲ သူများတွေကို ငိုအောင်လုပ်ခဲ့တာပဲ...။
သူများတွေကိုငိုအောင်လုပ်ခဲ့တယ်ဆိုမှ
ဟိုကောင်လေးရော ဘယ်လိုနေနေလဲမသိဘူး။
Sehun လက်ကလွတ်သွားပြီဆိုတော့ ဘယ်လို
ပဲဖြစ်ဖြစ်ကောင်းကောင်းနေနေမှာပါ...။ တစ်နေ
ရာရာမှာ စိတ်ချမ်းချမ်းသာသာနဲ့တော့ရှိနေမှာပါ
လေ...။

Oh! Sehun... (SeKai)Where stories live. Discover now