အပိုင်း [ ၈ ]

5.7K 496 22
                                    

Kai's POV

အိမ်ရောက်တဲ့အထိ ကျွန်တော့်ရင်ခုန်သံတွေမရပ်
တန့်နိုင်သေး… Oh Senun ရဲ့ စကားသံတွေက နားထဲကမထွက်နိုင်သေး။ ကျွန်တော့်ကိုအနိုင်ကျင့်
ခဲ့တဲ့ သူကိုသူကဘာလုပ်ခဲ့တယ်။ နားရှိလို့သာကြား
ရတယ် သိပ်တော့မယုံရဲဘူး။ ဒါပေမဲ့ Oh Sehun
ကရက်တာစက်တတ်တာ။ မဟုတ် မဟတ်ပြော
တတ်တဲ့သူတော့ မဟုတ်ဘူးရယ်…။

ဒေါက်~~ဒေါက်~~ဒေါက်

ဒီအချိန်ကြီး ဘယ်သူပါလိမ့်?… ဘယ်သူမို့လို့ ခြံတံ
ခါးကိုဖွင့်ပြီး အိမ်ရှေ့ထိရောက်လာတာလဲ? ဘယ်သူဘယ်ဝါမှန်းသေချာမသိသေးတာမို့ တံခါး
ပေါက်လေးကနေ ချောင်းကြည့်လိုက်တော့ရင်းနှီး
နေတဲ့မျက်နှာမို့ လက်ကအလိုလိုတံခါးဖွင့်ပေးလိုက်
မိသည်။

"Oh…Oh Se-"

နာမည်တောင်ပြီးဆုံးအောင်မခေါ်သေးခင်ရင်ခွင်ထဲ
ကိုပြိုကျလာတဲ့ ခန္ဓာကိုယ်လေးတစ်ခု အလိုက်သင့်
လှမ်းထိန်းပေးလိုက်မိသည်။ ကျွန်တော့်လက်ထဲပြို
ကျလာတဲ့ ခန္ဓာကိုယ်လေးကတသိမ့်သိမ့်တုန်နေပါ
ရောလား?…
အိမ်နေရင်း ညဝတ်အကျီ င်္ပါးပါးလေးနဲ့အိမ်စီးစလစ်
ပါလေးသာ စီးကာကျွန်တော့်အိမ်ထဲရောက်နေ
သော အနှီလူသားကလေးရဲ့ ပခုံးကိုလက်နှစ်ဖက်နဲ့
မြဲမြဲဆုပ်ကိုင်ရင်း ကျွန်တော့်မျက်နှာကိုကြည့်စေ
လိုက်သည်။
အလိုလေး… ဒါကျွန်တော် သိခဲ့ဖူးတဲ့ Oh Sehun
မှဟုတ်ပါစ?… မျက်လုံးနှစ်ဖက်က မျက်ရည်တွေနဲ့
ရွှန်းစိုနေပြီး အကာအကွယ်မဲ့နေတဲ့ ပုံစံက Oh Sehun ရဲ့ အဘိဓ္ဓာန် ထဲကိုဘယ်တုန်းကရောက်
သွားရတာလဲ?

"Oh Sehun… ဟုတ်ပါတယ်နော်…"

"Kim Jong In…"

တိုးလျနေတဲ့ လေသံလေးနဲ့ ကျွန်တော့်အကျီ င်္ကို
တင်းကျပ်စွာဆုပ်ကိုင်ထားတဲ့ Oh Sehun ဒီအချိန်ကြီးတစ်ယောက်တည်း ဒီလိုပုံစံနဲ့ ကျွန်တော့်အိမ်ကိုလာခဲ့တာလား?
ဒီအချိန်ကြီး…
ဒီလိုပုံစံနဲ့…

"Oh Sehun… ဒီအချိန်ကြီး ဒီလိုပုံစံနဲ့အပြင်ထွက်
လာရအောင်မင်းရူးနေလား ဟန်? မင်းကိုယ်မင်း
သိပ်ကျန်းမာရေးကောင်းနေတယ်များထင်နေ
လား?!"

Oh! Sehun... (SeKai)Where stories live. Discover now