Jong In's POV
အစုတ်ပလုတ်...။နှာဘူးကောင်... မိန်းကလေးမြင်
ရင် ရှိသမျှသွားကအသားကုန်ဖြဲပြီး သူ့ကိုယ်သူ
နွားပွဲစားများမှတ်နေလား မသိဘူး။
ဟွန့်~ ဝတ်စားထားလိုက်တာကလည်း Idol နဲ့တောင်မှားနိုင်တယ်။ ဒီနေ့မော်ဒယ်တွေနဲ့ဓာတ်ပုံရိုက်စရာရှိတယ်
ဆိုတာ သိလို့များ တမင်တကာ ဝတ်လာသလား
မသိဘူး။ ပဲကိုများတယ်။ ဒီနေ့မှ မျက်စိထဲထောင့်
ကိုမကျိုး အချိုးကိုမပြေဘူး။မုန်းလိုက်တာ...
~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့နှစ်နာရီခန့်က~~~
"Kai~sshi... အဆင်သင့်ဖြစ်ရင် စမယ်နော်..."
"ဟုတ်ကဲ့..."
Jong In ကိုယ့်ကိုကိုယ် ပြင်ဆင်လိုက်ပြီး အခန်းထဲကထွက်လာလိုက်လေသည်။ ဒီနေ့ရဲ့
Theme ဖြစ်တဲ့ Beauties and the Beast နဲ့အညီလက်စွမ်းပြထားတဲ့ Kyung Soo ရဲ့ make-upအစွမ်းကြောင့် Jong In ရဲ့ပုံစံကို Sehun သဘောမကျစွာနဲ့နှာခေါင်းရှုံ့လိုက်သည်။"...ဘာဖြစ်နေတာလဲ အဲ့ရုပ်ကြီးက..."
"မင်းပုံစံကိုလည်း မင်းပြန်ကြည့်ဦး... သွေးစုပ်ဖုပ်ကောင်လိုလို... မကောင်းဆိုးဝါးလိုလိုနဲ့
ဘယ်လိုနားလည်ရမယ်မှန်းကိုမသိဘူး..."
(media)"အခု Theme က Beauties and the Beast
ပါဆိုမှ ငါ့ပုံစံကဒီလိုမဖြစ်လို့ဘယ်လို့ဖြစ်ရမှာလဲ?
ဘယ်လိုနားလည်ရမယ်မှန်းမသိရင် ဘယ်လိုမှနား
လည်မနေနဲ့တော့..."Jong In လည်းစိတ်ပေါက်ပေါက်နဲ့ ခပ်ပြတ်ပြတ်
သာပြန်ဖြေပြီး အခန်းထဲမှထွက်သွားသည်။ ပါးစပ်
ကလည်းပွစိပွစိပြောလို့။"...Theme ကိုကဒီလိုပါဆိုမှ... ဘယ်လိုနားလည်
ရမယ်မှန်းမသိဘူးပဲဖြစ်ရသေးတယ်... တွေ့မယ်"Jong In ကြိတ်ကြုံးဝါးလိုက်ပြီး မော်ဒယ်မမ များ
အပြိုင်အဆိုင်ကိုယ်ရေးပြနေသော shooting ထဲ
ကျော့ကျော့မော့မော့နဲ့ဝင်သွားသည်။Jong In တစ်ယောက်မလိုအပ်ဘဲ အနားကိုအတင်းကပ်နေသော မော်ဒယ်မမ များကို
ဝတ္တရားအရ ပြန်လည်ထိတွေ့နေရင်းကနေ ခပ်လှမ်းလှမ်းတွင်ရပ်နေသော Sehun ကိုမြင်၍မဲ့
ပြုံးကိုသာပီပီပြင်ပြင်ပြုံးလိုက်ရင်း ဘေးကမော်ဒယ်
မမခါးကိုဆွဲဖက်ပစ်လိုက်သည်။
YOU ARE READING
Oh! Sehun... (SeKai)
RomanceOh Sehun!... မင်းကတော်တော် အတ္တကြီးတဲ့လူပဲ... ငါ့အတ္တကမင်းတစ်ယောက်တည်းအတွက်ပဲကြီးတာပါ... Kim Jong In... Highest rank #9 in Romance Current rank #128 in Romance