အပိုင်း [ ၂ ] - 18+

10.2K 532 5
                                    

Kai's POV

"Kai… သတိရလာပြီလား?…"

ပြင်ပရဲ့ စူးရှတဲ့ အလင်းရောင်ကိုမခံနိုင်လို့
မျက်စိပြန်ပိတ်ထားတုန်း Kyung Soo ရဲ့
စိုးရိမ်တကြီးမေးတဲ့ အသံလေးကြားမှပဲ
မျက်လုံးကိုအားယူပြီးဖွင့်ကြည့်မိလိုက်
သည်။

"…Kyung Soo?…"

"အေး… ငါဒီမှာရှိတယ်…"

"ငါဘယ်ရောက်နေတာလဲ?… ပြီးတော့
ဘာဖြစ်သွားတာလဲ?…"

"…မင်းအရမ်းငိုပြီး သတိလစ်သွားတာလေ
အခုဆေးရုံရောက်နေတာ…"

"…ပွဲရော ဘယ်လိုဖြစ်သွားလဲ?…"

"ပွဲကတော့ မင်းမပါဘဲဆက်လုပ်ဖြစ်သွား
တယ်… မင်း Fan တွေမင်းကိုအရမ်းစိတ်ပူ
နေကြတယ်… "

"…ငါအရမ်းပင်ပန်းလို့ ဖြစ်မှာပါ…"

Kyung Soo စိတ်မပူအောင်လို့သာပြော
လိုက်ရတယ်…။ တကယ်တော့ ကျွန်တော်
သတိလစ်တဲ့အထိတောင်ငိုခဲ့တာ
Oh Sehun ကြောင့်ပါ…။

"Kai-sshi… သတိရလာပြီးလား?…"

အသံနဲ့အတူ ကျွန်တော်နဲ့ Kyung Soo
ကြားထဲဝင်ရပ်လိုက်တဲ့သူတစ်ယောက်…။
ဟုတ်ပါတယ်…။ ကျွန်တော့်ကိုသတိလစ်
တဲ့အထိငိုအောင်ပြုလုပ်နိုင်တဲ့သူပေါ့…။

"ShiXun-sshi…ရောက်လာပြီ…"

ShiXun…?? မဟုတ်ပါဘူး…။ Oh Sehun
ပါ…။Kyung Soo… အဲ့ကောင်ကိုကောင်း
ကောင်းမဆက်ဆံနဲ့…။သူက Oh Sehun…
ငါ့ဘဝရဲ့အရိပ်ဆိုးကြီးကိုဖန်တီးခဲ့တဲ့ Oh
Sehun ကွ…။

"ဟုတ်ကဲ့… Kai-sshi မူးလဲသွားတယ်ဆို
လို့ကျွန်တော်ပြေးလာတာ…တကယ်တော့
ကျွန်တော်ကပရိတ်သတ်ထဲမှာရောက်နေ
တာ… Kai-sshi ဖျော်ဖြေတာကြည့်ချင်
လို့…"

ကိုယ့်ဂုတ်လေးကိုယ် လက်နဲ့ပွတ်ကာ
ခေါင်းကိုအောက်ငုံ့ရင်းပြောနေတဲ့ သူ့ပုံစံ
ကဖြူစင်နေသလိုပဲ…။လူရှေ့မှာမို့လို့အိုက်
တင်တွေထုတ်ပြနေတာလား?… ။

"ကြည့်ရတာ ShiXun-sshi လည်း Kai
ရဲ့Fan နဲ့တူတယ်နော်…"

"ဟုတ်ပါတယ်… ကျွန်တော် China မှာ
ရောက်နေတဲ့တလျှောက်လုံး Kai-sshi ရဲ့
သီချင်းတွေကိုပဲနားထောင်ခဲ့တာ…"

Oh! Sehun... (SeKai)Where stories live. Discover now