အပိုင်း [ ၁၁ ]

5.6K 450 6
                                    

မနက်ခင်းရဲ့နေရောင်လည်းမထိုး ကျေးငှက်ကလေး
တွေလည်းတေးဆို မနှိုးပေမဲ့ Jong In တစ်ယောက် အေးအေးဆေးဆေးပင်နိုးထလာ
သည်။ သွားတိုက် ရေမိုးချိုးပြီး မနက်စာစားကာ
ဒီနေ့အတွက် သွားရမယ့် photo shooting အသင့်ဖြစ်နေသည့်တိုင်အောင် Sehun ကပေါ်
မလာသေး။ ဖုန်းဆက်ရအောင်လည်း သူ့မာနက
ခွင့်မပြု။ မနေ့ကကိစ္စကိုလုံးလုံးလျားလျားခွင့်လွှတ်
သေးတာမှမဟုတ်တာ။ ခွင့်လွှတ်လို့လှမ်းခေါ်ချုင်
ရင်တောင် သူ့ဖုန်းနံပါတ် Jong In ဆီမှာမရှိ။

~~~Ring~~~Ring~~~Ring~~~

အိမ်ရှေ့ကဘဲလ်သံကြောင့် Jong In ဝုန်းခနဲ
ထရပ်လိုက်မိသည်။ ပြီးမှ ကိုယ့်ကိုကိုယ်အိနြေ္ဒပြန်
ထိန်းကာ တံခါးနားကိုတစ်လှမ်းချင်းလျှောက်သွား
လိုက်သည်။

Jong In's POV

သူ့လောက်အချိန်တိကျတဲ့သူက ဒီနေ့မှထူးထူး
ခြားခြားနောက်ကျနေပါလား? မဟုတ်မှလွဲရော
မနေ့ကကိစ္စကို ပြန်စိတ်ဆိုးသွားတာလား? မဟုတ်
လောက်ပါဘူး။ စိတ်ဆိုးရမှာကျွန်တော်ဟာကို။
ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ လုံးဝကိုစကားမပြောဘဲနေ
ပစ်မယ်။

"…ဘယ်သူလဲ မသိဘူး…"

Sehun အမှတ်နဲ့တံခါးကိုဖွင့်လိုက်ပေမဲ့ တံခါးရဲ့
တစ်ဖက်ခြမ်းမှာ ရပ်နေတာက Sehun မဟုတ်ခဲ့။
အသက်သုံးဆယ်ကျော်လောက် ခန္ဓာကိုယ်ဖွံ့ဖွံ့ဖြိုး
ဖြိုးနဲ့ယောကျာ်းတစ်ယောက်ဖြစ်နေသည်။ မနေ့က
Sehun နဲ့တွေ့ပြီးပြန်လာတာ ခြံတံခါးကိုသော့
ခတ်ဖို့မေ့သွားတာပဲ။ stalker များလား? ပိုဆိုး
တာက stripper တွေ ဘာတွေများလား မသိ။
Aish… Oh Sehun ဒီနေ့ကျမှနောက်ကျလိုက်
တာ။ ဝတ်ထားတဲ့ ပုံစံကလည်း ဒီလောက်အိုက်နေ
တာတောင် long coat ကြီးနဲ့။သေချာနေပါပြီ။
ဒီလူက ဘယ်လိုနည်းနဲ့မှ လူကောင်း မဖြစ်နိုင်ဘူး။
တံခါးကိုအမြန်ဆောင့်ပိတ်ဖို့လုပ်လိုက်ပေမဲ့ ထိုသူစိမ်းယောကျာ်းက တံခါးကြားတွင် ခြေထောက်ကို ထိုးခံထားလိုက်သည်။အာ… ဒီလူ
ဘာလိုချင်လို့လဲ? ဓားမြတိုက်ချင်ရင်လည်း ပစ္စည်း
တွေကိုသာယူပြီး ပြန်သွားစမ်းပါ။

"ကျွန်တော်… ရဲကိုအကြောင်းကြားလိုက်မှာနော်"

"အာ… မလုပ်ပါနဲ့… ကျွန်တော်က Kai-sshi ရဲ့
မန်နေဂျာအဖြစ် တာဝန်ယူမယ့်သူပါ…"

Oh! Sehun... (SeKai)Where stories live. Discover now