အပိုင်း [ ၆ ]

6.2K 531 5
                                    

"Noona… ကျွန်တော့်ကိုထားမသွားပါနဲ့နော်…
တောင်းပန်ပါတယ်... Noona!"

"……"

"Noona! Noona! ကျွန်တော်ပြောတာကိုနား
ထောင်နေရဲ့လား?? Noona! Noona!!!!"

"Cut!!… Kai-sshi... ဒီနေ့ဘယ်လိုဖြစ်နေတာ
လဲ? ကိုယ်ချစ်ရတဲ့ မိန်းကလေးကသေသွားလို့
လုံးဝကြေကွဲနေရမှာကိုဘာလို့ အသက်မပါသလို
ဖြစ်နေရတာလဲ?"

ဒါရိုက်တာကြီးရဲ့စကားကို Jong In ကခေါင်းငုံ့
နားထောင်နေရင်းနဲ့ မျက်လုံးတွေကိုကစားကြည့်
လိုက်တော့ အကြည့်တွေက shooting တစ်နေရာ
က Sehun ဆီရောက်သွားသည်။
Jong In ဒီနေ့တနေကုန်ရိုက်ကွင်းထဲစိတ်မရောက်
ရခြင်းအကြောင်းက အဲဒီ့ကစတာပဲ။

Oh Sehun ရဲ့ဘေးမှာ မင်းသမီးရဲ့ မန်နေဂျာ
ယောင်ယောင် make-up artist ယောင်ယောင်
မိန်းမက မနက်ကတည်းကလိုက်ကပ်နေသည်လေ။
လူမှုရေးအရ မသက်သာလို့ စကားပြန်ပြောနေရ
တယ်လို့တွေးရင်ဖြစ်ပေမဲ့ Oh Sehun ဆိုတဲ့လူက
ဘယ်တုန်းက လူမှုရေးတွေ ဘာတွေ သိဖူးလို့လဲ?

မဖြစ်တော့ဘူး… ဒီနေ့တကယ်ကိုရုပ်ရှင်ဆက်ရိုက်ဖို့
မဖြစ်နိုင်တော့ဘူး။

~~~~~~~~~~~~

"Jong In… နေကောင်းရဲ့လား?"

ပြောရင်းနဲ့ သူ့နဖူးကိုစမ်းဖို့ရောက်လာတဲ့ Sehun ရဲ့လက်ကို Jong In အားနဲ့ပုတ်ထုတ်လိုက်သည်။
သူဘာကို ဒေါသထွက်လို့ထွက်နေမှန်းမသိပေမဲ့
ဒီနေ့တကယ်ကို Sehun မျက်နှာကိုမမြင်ချင်တာပါ။

ရုတ်တရက် Sehun ကကားကိုလမ်းဘေးကိုထိုး
ရပ်ပစ်လိုက်သည်။
ဘာလုပ်တာလဲဟ?...။

"ကိုယ်ကားမောင်းနေတုန်း အဲ့လိုမလုပ်လို့ မရဘူးလား?"

"ဟန်?"

Oh Sehun ဘာတွေလာပြောနေတာလဲ? သူပဲ
သူများနဖူးကို ပိုင်စိုးပိုင်နင်းလာကိုင်နေပြီးတော့…။

"ကိုယ်ကြောက်လို့ပါ…"

ခေါင်းငုံ့ထားလို့ မျက်နှာကိုမမြင်ရပေမဲ့ စတီယာတိုင်ကိုကိုင်ထားတဲ့ Sehun ရဲ့လက်တွေ
ကိုကြည့်ရတာ သူတစ်ခုခုကိုတကယ်ကြောက်နေ
မှန်းသိသာလွန်းတာမို့ Jong In ဘာဆက်ပြောရ
မှန်းမသိအောင် ဖြစ်သွားသည်။

Oh! Sehun... (SeKai)Where stories live. Discover now