Kai... ဆေးရုံကခုံတန်းတွက်ထိုင်ကာခေါင်းထဲက
ပုစ္ဆာတစ်ပုဒ်ကိုအဖြေထုတ်နေမိသည်။ ခုနကသူ့ကို
ပန်းခြံမှာ နှောင့်ယှက်ကြတဲ့သူတွေကဘယ်သူတွေ
လဲ? ဘာကြောင့်နှောင့်ယှက်ရတာလဲ? နောက်ပြီး
Sehun ကိုတွေ့တာနဲ့ ဘာလို့အသားကုန်ဝိုင်းထိုး
ရတာလဲ?...Aish... Oh Sehun ဘာတွေမွှေထားပြန်တာလဲ?
"ဟို...ဟို Kai~sshi... Kai~sshi ရဲ့မန်နေဂျာ
သတိရလာပါပြီ..."Kai ကိုသိနေတဲ့ nurse မလေးရဲ့ ရှက်ကိုးရှက်ကန်းစကားသံ အဆုံးမှာ Kai လူနာခန်းထဲကို ခပ်သုတ်သုတ်ဝင်သွားမိသည်။
"Jong In... မင်းဘာဖြစ်သွားသေးလဲ? ဟိုကောင်
တွေမင်းကိုဘာလုပ်သေးလဲ?"Jong In ဆီကိုလာဖို့ ကုတင်ပေါ်ကလက်ထောက်
ပြီးထလိုက်ပေမဲ့ လောလောလတ်လတ်ရိုက်ခံထား
ရတဲ့ ဒဏ်ရာတွေကြောင့် Sehun သူ့လက်သူပြန်
ကာ ကုတင်ပေါ်ပြန်ကျသွားသည်။ Jong In ပျာပျာသလဲနဲ့ Sehun နားပြေးသွားချင်မိတဲ့စိတ်
ကိုထိန်းရင်း ကုတင်နားကိုတိုးကပ်သွားလိုက်သည်။ဒဏ်ရာတွေ သက်သာရဲ့လား?... လက်ကအရမ်းနာ
နေတာလား? နောက်ထပ်ဘယ်နားတွေရော နာနေ
သေးလဲ?..."ကိုယ်လည်း နိုင်တာမဟုတ်ဘဲနဲ့ ဘာလို့ သူရဲကောင်းဝင်လုပ်တာလဲ? ကားပေါ်ကနေ ရဲစခန်း
ကိုဖုန်းဆက်လိုက်ပါလား??..."အရမ်းမေးချင်နေခဲ့တာတွေ တကယ်တမ်းမေးလိုက်
ရတဲ့စကားတွေကတစ်ခါတစ်လေတော့လည်းကိုက်
ညီချင်မှ ကိုက်ညီမှာလေ...။ဒါပေမဲ့ သူသက်သာ
တာကိုတွေ့နေရတာလေးနဲ့ပဲကျေနပ်ပါတယ်...။Jong In's POV
ကျွန်တော်မေးလိုက်တာကိုပြန်မဖြေဘဲပြုံးစစလုပ်
နေတဲ့သူ့မျက်နှာက အဓိပ္ပာယ်တစ်ခုခုကိုဆောင်နေ
တာဆိုရင် အဲ့ဒီ အဓိပ္ပာယ်တွေကိုကျွန်တော်ဘယ်
လိုဖော်ရမလဲ? Oh Sehun ကဘာလို့ ထင်သလောက်မရိုးရှင်းရတာလဲ?..."ငါ့ကိုဒီလိုတွေ ပြောနိုင်သေးတယ်ဆိုတော့ အဆင်
ပြေတယ်ထင်တာပဲ...""အဲ့ကောင်တွေက...မင်းကိုသိနေတာလား?"
ပြုံးပြန်ပြီ။ Oh Sehun ဘယ်တုန်းက အဲ့လောက်
ပြုံးရတာကိုသဘောကျသွားရတာလဲ? ဒါမှမဟုတ်
ကျွန်တော်မေးတာကရယ်စရာပဲကောင်းနေလို့
လား?
YOU ARE READING
Oh! Sehun... (SeKai)
RomanceOh Sehun!... မင်းကတော်တော် အတ္တကြီးတဲ့လူပဲ... ငါ့အတ္တကမင်းတစ်ယောက်တည်းအတွက်ပဲကြီးတာပါ... Kim Jong In... Highest rank #9 in Romance Current rank #128 in Romance