ငိုလို့ဝသွားတဲ့ ကလေးငယ်လို ရင်ခွင်ထဲတိုးဝင်နေတဲ့ ချစ်သူဟာ ပင်ပန်းနွမ်းလျလို့...။
ချစ်ရသူရယ် ကိုယ်တို့ခရီးအဝေးကြီးလာခဲ့ရတယ်။ လမ်းလဲဆုံးလုပါပြီကွယ်။လမ်းအဆုံးမှာ သိမ်မွေ့တဲ့အချစ်တွေနဲ့ပြည့်နေတဲ့ ပျော်ရွှင်ခြင်းနိဗ္ဗာန်ဘုံလေးရှိနေတယ်။
ပျော်ရွှင်စေရပါ့မယ် ချစ်သူ။
"Chanyeolလေး ... ကိုယ်တို့ပြန်ကြမလား????"
ကြင်ကြင်နာနာပြောတဲ့ သခင့်စကားဟာ ဆောင်းဦးချယ်ရီတွေကြွေကျသလိုအကြင်နာတွေကြားမှာ တိုးတိမ်စွာ သဲ့သဲ့လေးသာကြားရတယ်။
သခင်....။
အရှင်သခင်အဖြစ်တခါသတ်မှတ်ခဲ့ပြီးရင်ထာဝရအရှင်သခင်ပဲပေါ့..။ကျွန်တော်ဟာလည်းချစ်သူအတွက်အရှင်သခင်ပဲမဟုတ်လား??။
ညီမျှပါတယ်...။ သူဟာ Chanyeolနှလုံးသားရဲ့အရှင်သခင်ဖြစ်သလို ...Chanyeolမင်းသားလေးဟာလဲ WuYifanဘဝရဲ့အရှင်ဘုရင်ငယ်လေးပဲမဟုတ်လား...။"ဘယ်ကိုပြန်မှာလဲသခင်လေး...မြို့တော်ကိုမပြန်ချင်ဘူး ဘုရင်မလုပ်ချင်ဘူး"
ခေါင်းတခါခါနဲ့ငြင်းဆန်နေတဲ့ မင်းသားလေးရဲ့မျက်ဝန်းမှာ မျက်ရည်ကြည်စတွေ..။
ကိုယ်ကိုယ်တိုင်လည်းမလွှတ်နိုင်ပါဘူးချစ်သူရယ်...။
ဒီလောက်ပင်ပန်းခဲ့ပြီးတဲ့ချစ်သူလေးကို မပင်ပန်းစေချင်တော့ပါဘူး..။"ဇာမဏီရွာကိုပြန်ကြမယ်လေ မင်းသားလေး..မင်းသားလေးက Yifanသခင်လေးရဲ့Yeolအဖြစ်ရှိမယ့် Scorpioရဲ့ Chanyeolအဖြစ်ရှိမယ့်နေရာကိုလေ.... ကိုယ်နဲ့ပြန်လိုက်မလားဟင် မင်းသားလေး..."
လိုက်မယ်... ပြန်ကြမယ်.. သူ့အိပ်ယာကိုပြင်ပေးရင်း ...မနက်လင်းရင်သူနဲ့မျက်နှာချင်းဆိုင်ရင်း..ပျော်ရွှင်ရမယ့်အိမ်ကိုပြန်ကြမယ်....။
"Yifan.. Chanyeol..."
သိမ်မွေ့နူးညံ့သော်လည်းမာန်အပြည့်ပါသည့်ခေါ်သံ..။
Chanyeolကို အဝေးပို့ခဲ့စဉ်ညကလိုပင် ခရမ်းရောင်ရွှေခြည်ဖောက်ပုဝါကိုခြုံထားတဲ့သူမဟာ ခန့်ညားဝင့်ထည်တယ်။