ကြင်နာခြင်း၏အစ

2K 218 14
                                    

သက်သာလာပြီဖြစ်သောဒဏ်ရာက သိပ်မနာကြင်တော့ပါ။
မင်းသားလေးကတော့ ၂၄နာရီလုံးပွစိပွစိနှင့်ဘေးကပြုစုနေသည်။ လေ့ကျင့်တာအပျက်မခံရန် သူ့ကိုဂရုမစိုက်ရန်ပြောသော်လည်းအမိန့်ဟုဆိုကာပြုစုတာကိုငြိမ်ခံစေပြန်သည်။
တတ်နိုင်ပါပေ့Chanyeolလေး။
အခုလည်း ဘယ်ကနေမှာထားမှန်းမသိသောငှက်သိုက်ဟင်းချိုကိုအတင်းတိုက်ပြန်သည်။
ပြသနာက သူသည်အချိုမကြိုက်ခဲ့ခြင်း။ ငှက်သိုက်ကချိုလွန်းတယ်မဟုတ်လား?။
သိပ်မသောက်ချင်လှဘူး။ သို့သော်လည်းရှေ့မှာ အရှင်သခင်လေးက သောက်စေချင်သည်ဆိုကာတကူးတကကိုယ်တိုင်ဟင်းချိုချက်ခဲ့ပါသည်တဲ့။
Thomasကဘာမှမပြောဘူးလားမသိ?။
ပါးပြင်နုနုမှာ မည်းလို့အိုးမည်းတွေလေ။
အဲ့ဒါကိုမသိပဲ အတင်းဟင်းချိုတိုက်နေရှာသောသူ့ရဲ့မင်းသားလေး။ ပူနေသောဟင်းချိုကိုတဖူးဖူးမှုတ်နေသောနှုတ်ခမ်းဆူဆူတို့ကြည့်မိတော့ ခေါင်းထဲပေါ်လာသည့်အတွေးက ထိုနှုတ်ခမ်းတို့သည်ငှက်သိုက်ဟင်းချိုထက်အစွမ်းထက်လေမည်လား??။
ဖူးစိုစို ခပ်ထွေးထွေးနှင့် အိစက်နေမည်ဟုထင်ရသောနှုတ်ခမ်းတို့ကိုသာ ပို၍အရသာခံကြည့်ချင်မိသည်။
"Chanyeol မင်းသားလေး......"
ခပ်ဖွဖွခေါ်သောအသံကို မျက်စောင်းပင့်ကာကြည့်လာသည့်အမူအယာက မြတ်နိုးမှုတို့ကိုချယ်ရီကြွေသလိုတဖြုတ်ဖြုတ်ကြွေစေသည်။
"ပြော"
ခပ်ဆောင့်ဆောင့်အဖြေသည် ဗျပ်စောင်းသံကိုကျော်လွန်၍ရင်ကို ကြည်နူးဖွယ်ရိုက်ခတ်သည်။
"ကျွန်တော် ဒဏ်ရာကလေ ...အ ..."
ဟန်ဆောင်ပန်ဆောင်အမူအယာအောက်မှာ ဖြူစင်သော ချစ်ရသူလေးက ရိုးသားစွာကျရှုံးပြန်သည်။
"ဟင် Wuyifanဘာဖြစ်လဲ!! ဘယ်နားဘာဖြစ်......"
စိုးရိမ်တကြီးအနားတိုးကပ်လာသော မင်းသားငယ်လေးကိုပွေ့ဖက်ရင်း သိချင်မိသောနှင်းဆီငုံလေး၏အရသာကိုမြည်းစမ်းကြည့်မိသည်။
ချိုမြသောအရသာ။ လှိုက်မောဖွယ်အရသာ။
တိမ်းမူးဖွယ်အရသာ။
ကြည်နူးမှုကဲသောအရသာ။
ထိုအရသာသည် အချစ်၏အရသာ။

အတန်ငယ်ကြာမှလွှတ်ပေးရင်း မျက်ဝန်းညိုကိုစိုက်ကြည့်ကာစနောက်မိသည်။
"သင်ခန်းစာ က ဘယ်တော့မှရန်သူရဲ့လှည့်ကွက်မှာမကျရှုံးစေနဲ့ မင်းသားလေး"

"Wuyifan !! သွားမယ်ခင်ဗျားခင်ဗျားသောက်"

ပန်းကန်ထိုးပေးခဲ့ရင်းပြေးထွက်လာမိသည်။ရင်ခုန်လွန်းလို့ပါလူလိမ်ကြီးရဲ့။ အမြဲလှည့်စားတယ်။ အမြဲဒီလိုပဲ။ လူလိမ်ကြီး။

စိတ်လိုက်မာန်ပါထွက်လာခဲ့ပြီးမှ သူသက်သာပါ့မလားလို့ တွေးမိပြန်တော့ ရင်ပူလာပြန်သည်။
WuYifanလူလိမ်လူညာကြီး!!။မုန်းလိုက်တာ။
တံခါးကိုအသာတွန်းရင်းခန်းဆောင်ထဲဝင်ခဲ့တော့ သူ့ဘေးမှဟို Ellaဆိုသောအမျိုးသမီးလေး။
ဒေါသစိတ်ကထောင်းကနဲ။
"WuYifan!!!! ခင်ဗျား ......"

" Chanyeol ... သူကElla မင်းအမရဲ့ ကိုယ်ရံတော် မင်းအမခိုင်းခဲ့လို့ကိုယ်သူနဲ့တိုင်ပင်ပြီးဟန်ဆောင်ခဲ့ရတာ"

သိပါတယ်မင်းသားလေးရယ်။
စိတ်ဆိုးမည်ဆိုတာ။ ကိုယ်လည်းထပ်မညာချင်တော့လို့ပါ ။
မင်းသားလေး ကိုလေ ကိုယ်ထပ်မညာရက်ဘူး။
ကိုယ်အတတ်နိုင်ဆုံးမညာမိအောင်နေချင်တယ် ။
မင်းသားလေးရဲ့ အချစ်ကိုကိုယ်လိမ်ညာလှည့်ဖျားရတာမျိုးထိတ်လန့်နေခဲ့ပြီ။

" အဲ့ဒါဘာဖြစ်လဲ??"
ဆူပုတ်ပုတ်ဆောင့်အောင့်အောင့်လေသံလေးက စိတ်လျှော့လိုက်ပြီမှန်းသိနေတာမို့ Ellaကို မျက်ရိပ်ပြ ထွက်သွားစေလိုက်တယ်။
ကုတင်ပေါ်က ကြိုးစားထပြီး အမျက်တော်ရှနေသူလေးဆီလျှောက်တော့ အမြန်ပြေးလာတွဲလေတယ်။
ကလေးလေးလိုပါပဲ။ ကျွန်တော်ရဲ့မင်းသားလေးဟာ စိတ်မဆိုးတတ်ဘူး။ ဒီလိုဖြူစင်တဲ့မင်းသားလေးရဲ့ ပုခုံးပေါ်မှာ ကြီးလေးလှတဲ့တာဝန်တွေထမ်းထားရသည်ပဲ။
"Chanyeolလေး ... ကိုယ့်Chanyeolလေး"

ညင်ညင်သာသာခေါ်တဲ့ အသံသြသြက ရင်တွင်းကနှလုံးသားကို ရစ်ပတ်ဆွဲငင်လို့။
"ဗျာ yifanသခင်လေး"
အမြတ်တနိုးခေါ်ရတဲ့နာမည်ကိုပြန်ခေါ်မိပါသေးရဲ့။
ဒီလိုလေး သူ့အကြင်နာတွေကြားမှာ အမြဲရှိနေချင်မိတယ်။
ချစ်တယ်သခင်လေး။ ချစ်တယ်ကျွန်တော်တစ်ယောက်တည်းရဲ့Scorpio။

"Chanyeolလေးကို ကိုယ်ချစ်တယ် ကိုယ်ကာကွယ်ပေးမယ်နော် ကိုယ့်ရဲ့မင်းသားလေး"

"ကျွန်တော်ကလည်းWuYifanကို ချစ်တယ် ခင်ဗျားကျွန်တော်နဲ့အမြဲရှိရမယ်နော်"

ကတိစကား သည် ချိုမြိန်ယစ်မူးသောအနမ်းတို့ဖြင့်တံဆိပ်ခတ်ခြင်းကိုခံခဲ့ရသည်။
ချစ်ခြင်းဖြင့်သီဖွဲ့သောကတိစကားတို့သည် ပျားရည်မြစ်တွင်း စီးဝင်သည့် ချယ်ရီဝိုင်ချိုချောင်းလေးလို ချိုမြရီဝေစွာ စီးဝင်ခဲ့သည်။
အရာအားလုံးသည် ချစ်ခြင်းကဖန်ဆင်းသောအလင်္ကာတစ်ပုဒ်လို သာယာကြည်မြစွာ လှပခဲ့လေသည်။

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now