နာကျည်းမှု၏အစ

2.4K 256 13
                                    

လွမ်းမောစွာ အရှင်သခင်ကိုစောင့်မျှော်ရတဲ့ ကောင်လေးရဲ့နှလုံးသားက နွမ်းနယ်လှပါပြီ။

အိပ်စက်အနားယူလိုက်ရင်တော့နွမ်းနယ်မှုတွေပြေနိုင်ကောင်းပါရဲ့လို့သူတွေးမိပါရဲ့။
အိပ်မက်သခင်ထံပါး အခစားဝင်ခွင့်သာရခဲ့ရင် ကြည်ရွှင်တဲ့မနက်ခင်းမှာနိုးထခွင့်ရမှာမို့ကောင်လေး အိပ်ယာဝင်ခဲ့ပါတယ်။
အတွေးတွေထဲမှာတော့ ချစ်ရပါတဲ့သခင်လေးပုံလွှာဟာရစ်ဝဲလို့ရယ်ပေါ့။
သူ့အတွက်နီးကပ်လာတဲ့နာကြင်ဖွယ်ကံကြမ္မာဆိုးကိုမသိတဲ့ကောင်လေးဟာ ပျော်ရွှင်ကြည်နူးလို့ရယ်ပေါ့။

မှိတ်ကျသွားသော ဖယောင်းတိုင်မီးလေးကို စောင့်ကြည့်နေတဲ့ မျက်နှာဖုံးရှင်ဟာ အံတစ်ချက်ကြိတ်မိတယ်။
မဖြစ်မနေ နာကြည်းစေရမယ် မုန်းတတ်စေရမယ်လို့ Victoriaသခင်မက အမိန့်ပေးခဲ့တယ်လေ။
ခွင့်လွှတ်ပါမင်းသားလေးရယ်။
အပြစ်ရှိသူကို တစ်ဘဝစာ မုန်းပစ်ပါတော့။

အိပ်ပျော်နေသောကောင်လေးဟာ တစုံတယောက်ရဲ့ထိတွေ့မှုကြောင့်လန့်နိုးလာခဲ့တယ်။
ရုန်းကန်ပေမယ့် တွန်းထိုးလှုပ်ရှားပေမယ့် ဘယ်လိုမှ မတွန်းလှန်နိုင်တဲ့ ထိုလူရဲ့သန်မာမှုအောက်မှာ နုနယ်သော အိပ်မက်လေးဟာ မသန့်ရှင်းတဲ့အရောင်တွေစွန်းထင်းညစ်ပေခဲ့တယ်။
သတိလစ်လုမတတ်နာကြင်မှုကြားကနေမှတ်မိနိုင်တဲ့တစ်ခုတည်းသောအရာက လရောင်ဝိုးတဝါးအောက်မှာ မြင်ရတဲ့ထို့သူ့လက်က Tattoo...။
အော်ဟစ်ချင်သော်ငြား စကားသံတို့ကိုတားဆီးထားတဲ့အဝတ်စကြောင့် မတတ်နိုင်ခဲ့။

အရှင်သခင်ကိုတမ်းတမိပေမယ့် ကယ်တင်ရှင်မျှော်မိပေမယ့် ကယ်သူမဲ့ခဲ့ပြီ။
နောက်ဆုံးလက်ကျန်သတိမလွတ်ခင်အထိ ထိုသူ့လက်က Tattooကိုသာ မှတ်သားရင်း အရှင်သခင့်နာမည်ကိုစိတ်ထဲကအကြိမ်ကြိမ်အော်ဟစ်ခေါ်ရင်း ကောင်လေးရဲ့ကမ္ဘာအမှောင်ကျခဲ့တယ်။

// သွေးရောင်လွှမ်းသောချစ်ခြင်းအင်္လကာ//
Yeolလေး...။
Yeol...... ။
သူကလေးရှိရာဆီပြန်လာခဲ့ပြီလေ။
ခရီးတစ်ခုဟာ ဒီလိုနှစ်တွေချီနေသလို ခံစားရမယ်လို့Yifanသခင်လေးဘဝမှာ မတွေးမိခဲ့ဘူး။

သိပ်ကိုကြာနေတယ်ထင်ရလွန်းလို့ရူးမတတ်ပါလေ။
အမြဲစောင့်ကြည့်နေရတဲ့ဖြူဖြူစင်စင်လှုပ်ရှားမှုလေးတွေရှိမနေတဲ့နေရာက အထီးကျန်စွာ။
ကောင်လေးလက်နဲ့ပြင်ဆင်ထားတဲ့အိပ်ယာမဟုတ်တဲ့နေရာက ခြောက်သွေ့မာကြောစွာ။
တွဲကာခေါ်ယူတတ်တဲ့ခန္ဓာကိုယ်လေးရှိမနေတဲ့ညတွေက အသိမဲ့စွာ။
လှဲချလိုက်တိုင်း ကူညီပေးတတ်တဲ့မျက်နှာလေးက ထွက်သက်တို့ကိုမခံစားရတဲ့အိပ်စက်မှုတွေက ပူလောင်ခါးသီးစွာ။
ဝန်ခံမိပါတယ် ။ သခင်လေးYifanဟာ Yeolဆိုတဲ့ကောင်လေးကိုရူးသွပ်မတတ်လွမ်းဆွတ်တမ်းတခဲ့ရတယ်ဆိုတာ။

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now