ပျော်​ရွှင်​ခြင်း၏အစ

1.6K 199 25
                                    

တိုက်​ပွဲအပြီး ​ထွက်​​ပြေးတဲ့ရန်​သူ​တွေကို လိုက်​တိုက်​ခိုက်​သည်​ဆိုတဲ့ချစ်​သူ​လေး...။
ဘာလို့များ မူမမှန်​သလိုခံစားရပါလိမ့်​?..။
တကယ်​ဆို မင်းသားပီပီ ​ခေါင်း​ဆောင်​ပီပီ မြို့ထဲကအပျက်​အစီးအဆုံးအရှုံးကိုစစ်​​ဆေးသင့်​တာမဟုတ်​လား....။
ဘာ​တွေ​တွေး​နေလဲချစ်​သူ...။
"Yifan မင်းပြုတ်​ကျသွားတယ်​လို့သူသိထားတဲ့ကမ်းပါးမှာ Chanyeolရှိလိမ့်​မယ်​ထင်​တယ်​.............."
သခင်​မစကားအကြားမှာ အားတင်းမြင်းစီးပြီးထွက်​ခဲ့ဖို့ပြင်​​ပေမယ့်​ အလိုက်​သိတဲ့သူငယ်​ချင်းSeulgiဟာ ချစ်​သူIreneသခင်​မ​လေးရဲ့ မျက်​​စောင်းကို မျက်​လုံး​မှေး​မှေး​လေး​တွေမှိတ်​ကျတဲ့အထိပြုံးပြတွန်းလှန်​ရင်း မြင်းရထား​ပေါ်တွဲတင်​​ပေးကာ ​ချစ်​သူရှိရာ ​ခေါ်​ဆောင်​​ပေးတယ်​..။

နန်းမြို့​တော်​နဲ့​ဝေးကွာလာတဲ့အခါ Thomas​နဲ့ တပ်​သားတစ်​စု..။
ချစ်​ရသူဟာ Thomasနဲ့အတူထွက်​သွားခဲ့တယ်​ဆိုပြီးဘာ​ကြောင့်​များမရှိရပါသလဲ...။
"Thomas.."
" သခင်​​လေး!!!!!!!"
အလန့်​တကြားThomasမျက်​လုံး​တွေ..။
စိုးရိမ်​ထိတ်​လန့်​မှု​တွေ..။
သိပ်​လည်းမလန့်​ပါနဲ့Thomasရယ်​..။
Wuyifanပါလွယ်​လွယ်​နဲ့ဘယ်​​သေပါ့မလဲ...။
"Chanyeolမင်းသား​လေး..... Chanyeolမင်းသား​လေးက.. သခင်​​လေး​နောက်​လိုက်​မယ်​ဆိုပြီး..​ချောက်​ထဲခုန်​ချဖို့..."
ဘုရား​ရေ.. ချစ်​သူ ..မိုက်​မဲလှချည်​လား..။
ဒီအတိုင်းခွင့်​ပြုခဲ့ရသတဲ့လားThomasရယ်​.. မိုက်​မဲလိုက်​တဲ့ချစ်​သူ ..တုံးလှချည့်​လားကွယ်​...။
အချိန်​မမီရင်​ ​တကယ်​​ဝေးရ​တော့မယ်​ထင်​ပါရဲ့...။
Seulgi​မောင်းလာတဲ့ရထားဟာ နတ်​မြင်းပျံဆွဲသလားမှတ်​ရ​အောင်​မြန်​လာတယ်​..။
ကျွန်​​တော့်​ရင်​ထဲကစိုးရိမ်​မှုအတိုင်းအတာကို နှလုံးသားချင်းနီးတဲ့သူငယ်​ချင်းဟာအပြည့်​အဝနားလည်​နိုင်​ပုံပင်​...။
အ​ဝေးကမှုန်​ရီရီကမ်းပါးထက်​မှာ ချစ်​ရသူအသွင်​ဟာ မပီမပြင်​ဝိုးတဝါး..။
"Chanyeolမင်းသား​လေး"ဆိုတဲ့​ခေါ်သံ​တွေကိုအမှုမထားတဲ့ ချစ်​သူ...။
လှည့်​မကြည့်​​တော့ဘူးလား ကိုယ်​မင်း​နောက်​မှာ​လေ...။
"Chanyeol​လေး!!!!!!!!!!"
ရထားရပ်​လို့ကျွန်​​တော်​အမြန်​ဆုံးခုန်​ဆင်း​ပြေး​ပေမယ့်​ ချစ်​သူဟာ ကမ်းပါးယံ​အောက်​ ခုန်​ချပြီးခဲ့ပြီ..။
အလန့်​တကြားလှမ်းဆွဲတဲ့အခါ ချစ်​သူအတွက်​ဆိုပြီးတကူးတက​ပေးခဲ့တဲ့ ​ရွှေချည်​ထိုးခါးစည်းပုဝါရဲ့အနားစတစ်​ဖက်​...။

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now