ရင်ခုန်ခြင်း၏အစ

2.8K 272 25
                                    

" မင်းနာမည်ဘယ်လိုခေါ်လဲ??"

ညောင်စောင်းထက်က ထိုအသံပိုင်ရှင်ကမေးနေသော်ငြား သူမဖြေရဲပါ။
မော့လဲမကြည့်ရဲ။ ပါးလွှာသောအဝတ်ကိုသာဝတ်ဆင်ထားသောမိန်းမပျိုကို ပေါင်ပေါ်တင်ကာ ကိုယ်ပေါ်မှ ဖဲဝတ်ရုံက ဖရိုဖရဲကျနေသော ထိုသူ့ပုံစံက ကလေးတစ်ယောက်အတွက်တော့ ဘယ်လိုမှအမြင်မတော်နိုင်ပါလေ။
" Thomas! မင်းသူ့ကို ဘာမှမသင်ပေးထားဘူးလား ? ဟေ့ ကောင်လေးခေါင်းမော့စမ်း"

ထိုသူ၏ဒေါသသံအောက်ဝယ် ကိုယ်လုံးလေးက သိမ့်ကနဲလှုပ်ရှားသွားခဲ့ရတယ်။
ကြောက်သည်။ဒီလူကြီးရဲ့ပုံစံက လူဆိုးကြီးနဲ့တူတယ်။အဆိုးဆုံးအရာက " မင်းနာမည်ဘယ်လိုခေါ်လဲ" ဆိုတဲ့မေးခွန်းအတွက်အဖြေမရှိခြင်း။
ကျွန်တော်ဘယ်သူလဲဆိုတာကိုယ်တိုင်တောင်မမှတ်မိပါလား...။
ဒီ့အတွက် သူ့ကိုမဖြေနိုင်တာမဆန်းဘူးလေ။
" ကျွန်တော် ကျွန်တော်မသိလို့ပါသခင်လေးရယ်"

တုန်ယင်နေတဲ့ကိုယ်လုံးလေးနဲ့ရှေ့က ကောင်လေးကို Yifanစိတ်ပျက်စွာကြည့်မိတယ်။
ခုထိမင်းခေါင်းမမော့သေးဘူးပဲ။

" မင်းကိုငါခေါင်းမော့ခိုင်းနေတယ်မဟုတ်ဘူးလားကွ!!!"

စိတ်တိုနေတဲ့သခင်လေးရဲ့အော်သံထွက်ပေါ်လာပြီးနောက်မှာ Thomasက အတင်းလက်ကုတ်ကာခေါင်းမော့ခိုင်းတော့တယ်။
ကျွန်တော်မှမကြည့်ရဲတာThomasရယ်...။

အားယူကာဖြည်းဖြည်းမော့ကြည့်လာတဲ့မျက်နှာလေးမှာ ထိတ်လန့်မှုတွေအပြည့်။
တဆတ်ဆတ်တုန်ရီနေတဲ့နှင်းဆီငုံလို နှုတ်ခမ်းလွှာလေးတွေ။
အရည်ကြည်လေးတွေဝေ့ဝဲကာလျှံကျလာတော့မလိုဖြစ်နေတဲ့ ဖန်ကြည်သားမျက်ဝန်းလေးတွေက ကြောက်ရွံ့မှု အတိပြီးလို့။

အချင်းချင်းဆုပ်ကိုင်ထားတဲ့လက်ကလေးနှစ်ဖက်ကအားကိုရာရှာနေသလိုလို။

" တောက်!!!"

အိမ်ကြီးရှင်သခင်လေးရဲ့တောက်ခေါက်သံ။
ဒါဘယ်လိုမြင်ကွင်းမျိုးလဲ??။
ပျော့ညံ့လိုက်တာ ။ နာမည်လေးမေးတာဒီလောက်ဖြစ်စရာလိုလား?။

" ဟို သခင်လေး သူ့ကိုယ်ပေါ်ကရတဲ့ကျောက်စိမ်းပြားလေးမှာ Yeol လို့ထွင်းထားတယ်သခင်လေး"

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now