ဆုံးရှုံးမှု၏ အစ

2.1K 236 35
                                    

မနက်ခင်းအလင်းရောင်ဝိုးတဝါးသည် Yifanသခင်လေး၏ အခန်းထဲသို့ဖောက်ဝင်ရန် ထူထဲသော ခန်းစီးစများနှင့် တိုက်ခိုက်လျက်ရှိသည်။

သခင်လေးကတော့ သူချစ်ရတဲ့ကောင်လေးရဲ့လက်ကို ဆုပ်ကိုင်ထားရင်း ကုတင်ဘေးမှာ အိပ်မောကျနေသည်။
ကျင့်သားရနေသောမျက်ဝန်းများက အချိန်မှန်နိုးထလာသောအခါ ကောင်လေး ပထမဆုံးသတိရမိသည်က Tattooရှိနေသော လက်တို့နှင့် သြရှသော ခေါ်သံ။

ထူးခြားစွာပင်ကောင်လေးသူ့ကိုသတိရနေခဲ့သည်ပဲ။ အိပ်ပျော်နေသော သခင်လေးမျက်နှာကိုမြင်သောအခါ မျက်ရည်ဝဲရသည်။ ဘာကြောင့်များပြတ်သားစွာမရွေးချယ်နိုင်ပါသနည်း?။ သခင်လေးကိုရွေးချယ်ရန်ကြိုးစားမိလျှင် Scorpioရဲ့ ပေးဆပ်မှုတို့ကိုမြင်ယောင်သည်။
ပေးဆပ်မှုဆိုသည်ထက် ရင်တွင်းတနေရာမှ သူ့ကို ထားခဲ့ရန် တူးတူးခါးခါးတားမြစ်နေခြင်း။
ထို့သို့ဆိုပြန်သော်လည်း Scorpioကို ရွေးရန် ကြိုးစားပြန်လျှင် သခင်လေးကို ထားခဲ့ရန် သူ့အတွက်မဖြစ်နိုင်ပြန်။
ဒီလိုဖြစ်နေခြင်းက မဖြစ်သင့်ဘူးမဟုတ်လား?။
သခင်လေးရော Scorpioအပေါ်ပါမတရားဘူးမဟုတ်လား?။
စိုးထိတ်ရပါသည်။ ထိုသူနှစ်ယောက်မရှိတော့မှာ။
ရင်ပူရပါသည်။ဝေခွဲမရသောနှလုံးသားအတွက်။
ပူလောင်ရပါသည်။ သစ္စာမရှိသူဆိုသောအမည်နာမအတွက်။
လူးလွန့်လာသော သခင်လေးကြောင့် သူနိုးလာပြီမှန်းသိလိုက်ပါသည်။
မျက်ခုံးထူထဲထဲ၏အောက်မှာ ညှို့ရီမှုန်မှိုင်းသောအကြည့်ကိုသတိထားမိချိန် Scorpioကိုပြေးသတိရမိသည်။ သူတို့တွင်တူညီသည့်မျက်လုံးအကြည့်ရှိသည်ပဲ။အရင်က ဘာလို့သတိမထားမိပါသလဲ။ ရှင်းပါသည် ။ သခင်လေးYifanဟာ သူ့အရှင်သခင်ဖြစ်နေ၍ သူမျက်လုံးချင်းဆိုင်မကြည့်ခဲ့လို့ပါပဲ။
Scorpioကိုကတော့ ရန်စွာ ပြီးအကြိမ်ကြိမ်ကြည့်ဖူးသည်မို့မှတ်မိနေခဲ့ခြင်း။
"Yeol... နိုးပြီလား? ဘာစားချင်လဲဟင်??"
ညင်သာချိုမြသောသခင်လေးYifanရဲ့စကားသံသည် Yeolရဲ့နားထဲသို့ ပျားရည်မြစ်တစ်စင်းလိုစီးဝင်သည်။
အကြင်နာရိပ်တို့ဝေ့သီသော ညှို့မျက်ဝန်းတို့သည် Yeolရဲ့ အသိစိတ်ကို အကြိမ်ကြိမ်အရှုံးပေးစေသည်။
" သခင်လေးနားမှာပဲနေချင်တယ် ဘာမှမစားချင်ပါဘူး"

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now