စစ်၏အစ

5.8K 331 6
                                    

စစ်............
ငြိမ်းချမ်းမှု သာယာမှု လှပမှု စသည့်နှစ်လိုဖွယ် စကားလုံးတို့နှင့် လေးနက်စွာဆန့်ကျင်သည့်အရာတစ်ခု။

စစ်သည် သားသည်အမေတို့ထံမှ ချစ်လှစွာသောသားတို့ကိုလုယူသည်။
စစ်သည် မိန်းမပျိုတို့ထံမှ ခင်ပွန်းနှင့် ချစ်ရသူ အစ်ကိုမောင်ဘွားများကိုလုယူသည်။
စစ်သည်ကလေးငယ်တို့ထံမှ မိဘဆွေမျိုးစသည့်အားကိုးရသူတို့ကိုလုယူသည်။

သို့သော် ............

စစ်သည် ကျွန်တော့်ကို သူ့ထံပါးသို့ပို့ဆောင်ပေးခဲ့သည်။
စစ်သည် ကျွန်တော့်အပေါ် သူ့အချစ်ဖြင့် လှပသောသွေးရောင်ပန်းချီကားကိုဖန်ဆင်းပေးခဲ့သည်။

မြူခိုးဝေသော မနက်ခင်းတွင် တပ်စခန်းချမီးဖိုမှ အရှိန်မသေသောမီးပုံသည် ကျွန်တော့်အပေါ်ထားသောသူ့အချစ်ကဲ့သို့ တပ်စခန်းအတွင်း နွေးထွေးလုံခြုံမှုကိုဖန်တီးပေးနေသည်။
ကျွန်တော် ဒီစစ်ပွဲကိုတိုက်ရလိမ့်မည်။
အိမ်ရှေ့စံမင်းသားတစ်ယောက်အနေနဲ့မဟုတ်ပါပဲ မြောက်ဖျားနိုင်ငံ၏ သစ္စာကိုစောင့်သိရန်မဟုတ်ပါပဲ သွေးကြွေးတို့လက်တုံ့ပြန်ရန်မဟုတ်ပါပဲ ကျွန်တော်ချစ်ရသည့်သူ့မျက်နှာမှ အပြုံးတစ်ချက်အတွက် တိုက်ရလိမ့်မည်။

ထို့အတွက်လည်း ကျွန်တော်ကျေနပ်သည်။ ParkChanyeol သည် WuYifanမျက်နှာမှအပြုံးတစ်ချက်အတွက် ဤစစ်ကိုတိုက်ခဲ့သည်ဟုသာ သမိုင်းကမှတ်သားကြပါစေတော့......။

နာမည်ကြီးစစ်သူကြီး ... နိုင်ငံအတွက် အလေးပေးစွန့်စားသောစစ်သူကြီး... ကယ်တင်ရှင် အိမ်ရှေ့စံမင်းသားလေး...
အဲ့ ဒီလို နာမည်ကောင်းတွေသမိုင်းမှာကျန်ခဲ့စရာမလိုပါဘူး။
WuYifanကို ချစ်တဲ့ ParkChanyeolသာ သမိုင်းမှာကျန်ခဲ့ပါစေ။

// သွေးရောင်လွှမ်းသောချစ်ခြင်းအလင်္ကာ //

၁၆ရာစု
မြောက်ပိုင်းနိုင်ငံ......

အရှေ့ပိုင်းနိုင်ငံနှင့်တိုက်ခိုက်ခဲ့သောစစ်ပွဲ အပြီးတွင် မြောက်ပိုင်းနိုင်ငံကစစ်ရှုံးခဲ့သည်။
ကျူးကျော်ဝင်ရောက်လာသောတဖက်စစ်သည်များအား မြို့တံခါးအခိုင်ပိတ်ကာ ကာကွယ်နေသော်ငြား သိပ်မကြာခင် နန်းမြို့ကျတော့မည်မှာသေချာသလောက်ရှိနေချေပြီ။

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာTempat cerita menjadi hidup. Temukan sekarang