တွေဝေမှု၏အစ

2.2K 259 23
                                    

Chanyeol၏ အတွေးထဲတွင်ရှိသော Scorpioအတွက် ခါးခါးသီးသီးအမုန်းများသည် ထိုနေ့ညကထိုလူယုတ်မာ၏ဖွင့်ဟဝန်ခံချက်အောက်တွင်ပျက်ပြယ်ခဲ့သည်။
မည်မျှပင်နာကျည်းချင်သော်လည်း မင်းသားလေးသည် ရက်စက်တတ်သောစာနာစိတ်မရှိသောအသည်းကိုပိုင်ဆိုင်သူမဟုတ်ခဲ့ပါ။
တစ်ဆယ့်သုံးနှစ်သောအချိန်များကို Scorpioသည် သူ့အတွက်သုံးစွဲခဲ့ပြီး ယခုထိလည်းသူ့အနားတွင်ကျောက်ဆောင်တစ်ခုလို တည်တံ့စွာရှိနေဆဲဆိုသောအဖြစ်မှန်က မင်းသားလေးChanyeol၏စိတ်ကိုအနည်းနှင့်အများတော့လှုပ်ရှားစေခဲ့သည်မှာမငြင်းနိုင်ပါ။
သုံးနှစ်ကြာYifanသခင်လေးကိုချစ်ရသောသူသည် သခင်လေးကို ရူးမတတ်နှစ်သင်မြတ်နိုးရပါသည်ဆိုလျှင် ဆယ့်သုံးနှစ်ကုန်လွန်ခဲ့ပြီဖြစ်သော Scorpio၏အချစ်သည်...............????။

နှိုင်းဆ၍မဖြစ်နိုင်သောအရာဖြစ်နေသလို သူ့အချစ်အတွက် သက်ပြင်းဖွဖွချမိရပါသည်။
Scorpioနှင့်သူ၏ဆက်ဆံရေးသည်လည်း တဖြည်းဖြည်းတော့ကောင်းမွန်လာခဲ့ပါသည်။
တိုက်ခိုက်ရေးနှင့်ပတ်သတ်လာလျှင် သိပ်ကိုစည်းကမ်းကြီးသည်မှလွဲ၍ Scorpioသည် သူ့အပေါ် အထိုက်အလျောက်တော့ဂရုတစိုက်ရှိပါလေသည်။
သူလေ့ကျင့်ရင်းဒဏ်ရာရလျှင် မျက်နှာဖုံးအောက်မှမျက်ဝန်းအစုံသည် စိုးရိမ်ပူပန်မှုတို့ဝေ့ဝဲက တုန်ရီနေတတ်သည်။
အပြင်ပန်းအမူအယာတည်ငြိမ်သော်ငြား သူစိတ်ပူနေသည်ကိုမင်းသားလေးအတတ်သိနေသည်ကပင် ဘာရယ်မဟုတ်သော ထူးခြားသည့်ခံစားချက်လေးတစ်ခုပင်။

ပင်ပန်းနေသည့်နေ့များဆို ဆန်မုန့်ချိုချိုတို့ကို ယူလာပေးတတ်သေးသည်။
ညအိပ်ချိန်Chanyeolကို တညလုံးစောင့်ကြည့်နေတတ်သည်ကိုလည်း Chanyeolသိနေခဲ့ပါသည်။
သူ့အပေါ်ညှာတာသနားမိသလို အားနာစိတ်လည်းဖြစ်ရသဘ်မဟုတ်ပါလား။

"Chanyeol... Yifanဆီသွားပြန်ပြီမလား??"

သူသက်ပြင်းချကာမေးမိသည်။
သူလစ်တိုင်းချောင်းရိုးတလျောက်ပြေးဆင်းကာ Yifanကို သွားချောင်းတတ်သောChanyeol ကို သူစိတ်မချပါ။
"Yifanသခင်လေးကိုလွမ်းလို့ပါ စိတ်ချပါ သွားမခေါ်ပါဘူး အဝေးကကြည့်နေခဲ့တာပါ လွမ်းရလွန်းလို့......"

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now