အချစ်၏အစ

2.5K 271 12
                                    

သောင်ကမ်းပါးကိုတတိတိတိုက်စားသောလှိုင်းများလို အချိန်သည် စိတ်ကိုတတိတိတိုက်စားသည်။
မုတ်သုံမိုးဦးကဲ့သို့လတ်ဆတ်လန်းဆန်းသော တစ်ဆယ့်သုံးနှစ်အရွယ်မှသည် လေနီကြမ်းရောသော မိုးလေပြည်လိုအစိုးမရလှုပ်ခတ်သော တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ရောက်ရှိလာသောမင်းသားလေးသည်လည်း နုနယ်ပျိုမြစ်သောရင်ခုန်မှုကလေးကို သခင်မသိစေရန် သိုဝှက်ထားမြဲပင်။
စံအိမ်တော်တွင်နေထိုင်သော သုံးနှစ်တာကာလအတွင်းသခင်လေးနှင့် သူကလေး၏ ဆက်ဆံရေးသည် တိုးတက်မှုဟူ၍တိတိပပမရှိသည်မှာအမှန်ပင်။
အမြဲတစေမျှော်ကြည့်ရင်း ရင်ခုန်မှုမှ ဖြစ်ပေါ်လာသော ကလေးဆန်သည့် အချစ်တို့ကိုသွယ်ဝှိုက်ဖော်ပြချင်ခဲ့သော်ငြား သူကလေး၏ရင်ဖွင့်ရာသည် အပြာရောင်သမ်းသောမိုးကောင်းကင်အောက်မှ နွဲ့နှောင်းငြိမ့်အေးစွာစီးဆင်းသော ချယ်ရီချောင်းကလေးသာဖြစ်ခဲ့သည်။

ညစဉ်ညတိုင်းချယ်ရီချောင်းဘေးကျောက်ကလပ်လေး၏ရင်ခွင်ကို သခင်လေးရင်ခွင်အမှတ်နှင့်လဲလျောင်းရင်း ကြယ်စင်တချို့ကိုတိုင်တည်ကာ ရင်ခုန်မိသော အပြုအမှုလှုပ်ရှားမှုတို့၏ သခင်အား လွမ်းမောစွာ ဖွင့်ဟဝန်ခံမိသည်။

သူ မကြားနိုင်သော်ငြား ရှိပါစေ။
သူ မသိလိုက နေပါစေ။
သူ ရက်စက်လိုက ရက်စက်ပါစေလေ။

ငြိမ့်အေးသော ချယ်ရီချောင်းနှင့် မိုးကောင်းကင်ကြယ်စင်စုတို့ကိုသက်သေတည်နိုင်ပါသည်လေ။

Yeol ဆိုသော မင်းသားငယ်လေးသည် သူ၏သခင်လေးအပေါ်တွင် တိမ်းမက်ယစ်မူးစွာ ပျော်ဝင်ပါ၏။
နွေးထွေး လှိုက်မောစွာရင်ခုန်ပါ၏။
ချိုသာ ရွှင်ကြည်စွာ တွယ်တာပါ၏။

သခင်လေးသာ ပြုံးမည်ဆိုလျှင် ဘာမဆိုလုပ်ချင်စိတ်ရှိသောကောင်လေးပါလေ။

ဖြတ်သန်းခဲ့သောကာလများတွင် နာကြင်ရချိန်များလဲရှိပါသည်။
ညစဉ်ညတိုင်း သခင်လေး အိပ်စက်မှ အိပ်ခွင့်ရသော Yeolအတွက် သခင်လေး အိပ်ဆောင်တွင် ညဥ့်နတ်သမီးလေးများအခစားရောက်သောအခါ ယောကျာ်းလေးတန်မဲ့ခန်းဆောင်အပြင်တံခါးဝကိုမှီရင်းမျက်ရည်ကျရပါသည်။
သူသည် သခင်လေးအတွက် ညဥ့်နတ်သမီးလေးများလောက်တောင် အရေးမပါဟူသော အမှန်တရားသည် ဆိုးဝါးစွာ ကောင်လေး၏ ရင်ကို ထိခိုက်နာကြင်စေလေသည်။

သွေးရောင်လွှမ်းသော ချစ်ခြင်းအလင်္ကာWhere stories live. Discover now