အပိုင်း [ ၁ ]

10.1K 677 9
                                    

8 နှစ်ခန့်ကြာပြီးသော်...

#Kyaaa...!! Oppa!....#

#Oppa!!!...#

#Kai-Oppa!!...#

လေဆိပ်တွင် Mask တပ်ထားသော
ကောင်လေးတစ်ယောက်က သူ့နာမည်ကို
အော်ခေါ်ရင်း ယောက်ယတ်ခတ်နေသော
လူအုပ်ကြီးကို တာ့တာ ပြလိုက်သည်။
သူဒီလိုလုပ်လိုက်ခြင်းက လူအုပ်ကြီးကိုပို
ပြီး အရိုင်းဆန်သွားစေသည်။

"Kai-ah... မင်းကငါ့ကို အခုထိဒုက္ခလိုက်
ပေးတုန်းပဲလား ဟန်?..."

Suho က သူ့ဘေးက Mask အုပ်ထား
သောကောင်လေးရဲ့နဖူးကိုခပ်ဖွဖွလေး
တောက်လိုက်သည်။ အခုချိန်ဗေဒင်မေးမ
ကြည့်လည်းသိနိုင်ပါတယ်...။ Mask
အောက်က သူ့မျက်နှာလေး စူပုတ်နေမှာ။

"ကျွန်တော်က hyung ကိုလိုက်ပို့မလို့
လာတာကို..."

"အေးပါကွာ... ငါသိပါပြီ... စိတ်တော့
မကောက်လိုက်ပါနဲ့နော်..."

"မသိတော့ဘူးဗျာ... Hyung ကကျွန်တော့်
ကိုတစ်ယောက်တည်းထားခဲ့ပြီး ဟိုမှာ
တစ်အိုးတစ်အိမ်ထူထောင်တော့မှာ
မလား? မသိရင်ခက်မယ်..."

"Kai-ah... အဲ့လိုမျိုးမဟုတ်ပါဘူးလို့
ဘယ်နှခါပြောရမလဲကွာ... ငါကပညာ
တော်သင်သွားမှာပါ... မိန်းမသွားရှာမှာ
မဟုတ်ပါဘူး... နောက်ပြီးတော့ ငါဒါရိုက်တာဖြစ်သွားရင်လည်း ငါ့ကား
တွေမှာ မင်းကိုခေါင်းဆောင်မင်းသား
အဖြစ်သုံးပါမယ်ဆိုကွာ..."

"ကျွန်တော်က အဆိုတော် သရုပ်မဆောင်
တတ်ဘူး..."

အခုထိ သူ့ကိုစိတ်ကောက်နေသော Kai
ရဲ့ဆံပင်လေးတွေကို Suho လက်နှင့်ဆွဲဖွ
လိုက်သည်။ အမြဲလိုလိုဒီကောင်လေး
နောက်လိုက်ပြီး ဒီကောင်လေးဆိုးသမျှကို
ခံနေပြီးမှ ရုတ်တရက် ဒီလိုကြီးခွဲရတော့
မယ်ဆိုတော့ Suho ရင်ထဲလည်း သိပ်မကောင်းလှပေ...။

လေယာဉ်တက်ခါနီးမို့ Kai ခေါင်းလေးကို
နောက်တစ်ချက်ထပ်ဖွလိုက်သည်။

"မန်နေဂျာ အသစ်နဲ့လည်းအဆင်ပြေ
အောင်နေဦး… staff တွေအပေါ်မှာလည်း
အရမ်းမဆိုးနဲ့… နောက်ပြီးတော့ ညဘက်ကိုနောက်ကျတဲ့ အထိအကမကျင့်နဲ့… ညကစောစောအိပ်
ထားရင် မနက်ကျရင် စောစောထ… နေပူ
ထဲတွေ သိပ်မထွက်နဲ့… ချွေးထွက်မခံနဲ့…
ပြီးတော့-"

Oh! Sehun... (SeKai)Where stories live. Discover now