Intro

15.2K 783 4
                                    

??? POV

"Yah! မင်းမနေ့က ဟိုကောင့်ကို ဘာလို့
ဆရာမရုံးခန်းကိုလိုက်ပြပေးရတာလဲ?"

သူက ပြောဆိုဆိုနဲ့ကျွန်တော့် ကော်လံစ
ကိုဆွဲပြီး နံရံနဲ့ကပ်လိုက်သည်။ကျွန်တော်
ကအရပ်တော့ မပုပေမဲ့လူကပိန်တာမို့လို့
သူ့ကိုမခုခံနိုင်ဘဲဖြစ်နေသည်။ မျက်မှန်က
နှာခေါင်းပေါ်ကနေ လျှောကျမလိုဖြစ်သွား
လို့လည်း အမြန်ဆွဲတင်လိုက်ရသေးသည်။

"ဆရာမရုံးခန်းကိုပြပြီးရင်လည်း ပြန်လှည့်
လာလေ... ဘာလို့ရယ်မောပြီး စကားတွေ
မပြီးနိုင်မစီးနိုင်ပြောနေရတာလဲ?ဟန်?!
မင်းကယောကျာ်းချင်းကြိုက်နေတာ
လား?..."

"မင်းကဘာလို့လိုက်ဂရုစိုက်နေရတာလဲ?"

Aish... အရူး...! ဘာလို့ပြန်ပြောနေတာလဲ? ဒီအတိုင်းငြိမ်ခံ
နေလိုက်ပါလား?....။
ကျွန်တော်ပြောလိုက်တဲ့စကားကြောင့်
သူ့မျက်နှာကပိုတောင်ခက်ထန်သွားပြီး
အန္တရာယ်အငွေ့အသက်တွေပါရလာသည်။

"ငါနဲ့တစ်နေရာကိုလိုက်ခဲ့ဖို့တော့ လိုပြီ..."

သူကပြောပြောဆိုဆိုနဲ့ကျွန်တော့်ကို
အကျီ င်္ဂုတ်ကနေဆွဲပြီးတစ်နေရာရာ ကို
ခေါ်သွားသည်။

သူကျွန်တော့်ကိုခေါ်သွားတဲ့နေရာက ကျောင်းနောက်က မသုံးတော့တဲ့ ဂိုဒေါင်
ဟောင်းကြီး...။ သူ...သူကျွန်တော့်ကို
တစ်ခုခုလုပ်တော့မယ်...။ ကျွန်တော်
ကြောက်တယ်...။ ကျွန်တော်ထွက်ပြေးမှ
ဖြစ်မယ်...။ ဟုတ်တယ်... ထွက်ပြေးရမယ်။

ကျွန်တော့်ကိုကိုင်ထားတဲ့ သူ့ရဲ့လက်ထဲ
ကနေကျွန်တော် ကြိုးစားပြီးရုန်းကန်မိ
သည်။သူ့ခန္ဓာကိုယ်ကလည်း ကျွန်တော့်လိုပိန်ညောင်လေးဆိုပေမဲ့ သူကကျွန်တော့်ထက် အံ့သြဖို့ကောင်း
လောက်အောင်ကိုအားသန်လွန်းလှသည်။

သူ့လက်ထဲကနေကြိုးစားရုန်းကန်နေတဲ့
ကျွန်တော့်ကို ခါးကနေမပြီး သူ့ပခုံးပေါ်
ကို ပစ်တင်လိုက်သည်။

"မင်း ငြိမ်ငြိမ်လိုက်ခဲ့ရင်သက်သာမယ်
နော်... ငါဒါပဲပြောမယ်..."

"ငါ့ကိုဘာမှမလုပ်ပါနဲ့... ငါတောင်းပန်ပါ
တယ်... ငါ့ကိုဘာမှမလုပ်ပါနဲ့နော်..."

Oh! Sehun... (SeKai)Where stories live. Discover now