Episode 22 Extra

4.9K 558 78
                                    

ရှေးဝါဒဟောင်း ကြီးစိုးနေသော ထိုအချိန်က.....

လူသားတွေအကုန် မှော်ပညာကို လေ့လာလိုက်စား၍ စုန်းတွေ ကဝေတွေ ကြီးစိုးသည့် ထိုအခါက.....

အာဏာရူး စုန်းကဝေဘုရင် ထိုလက်ထက်က....

မှော်အရာစုန်းအတတ်မှာ အထွတ်အထိပ်ဖြစ်သည့် နဂါးတွေ အာဏာကိုပါ မျက်စောင်းထိုးလာခဲ့သည့် ထိုကဝေဘုရင် လက်ထက်တွင်.....

မှော်လောကသားတွေအတွက် တစ်သက်မမေ့နိုင်တဲ့...

အချစ်ဇာတ်လမ်းပုံပြင်တစ်ပုဒ်ပေါ်ပေါက်ခဲ့လေသည်။

ဇာတ်လမ်းဖြစ်တည်ပုံက....

" ဒီ ထင်းရှူးသားနဲ့ လုပ်ထားတဲ့ ဓားမြောင်ကို နဂါးဘုရင် နှလုံးသားကို စိုက်လိုက် အဲဒါ ငါတို့ အောင်မြင်မှုဘဲ နဂါးတွေ အပေါ် ငါတို့ သြဇာညောင်းနိုင်လိမ့်မယ် မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ် Chan!!"

ဘယ်လို လူသားလက်နှက် မှော်အတတ်နဲ့မှ ယှဉ်လို့မရတဲ့ နဂါးတွေအတွက်

အဆိုးဆုံးက မှော်လောကရဲ့ နာမည်ကြားသည်နှင့် ဖိန့်ဖိန်တုန်အောင် ကြောက်ရသည့် Wu Fan နဂါးဘုရင်အတွက်

ထိုထငိးရှူးသစ်သားဓားလေးကတော့ နှလုံးသားထဲအထိ ထိုးဖောက်နိုင်သည့် အစွမ်းသတ္တိရှိခဲ့သည်။

အနီးကပ်နေရာမှ နှလုံးသားထဲကို ထိုးသွင်းနိုင်ဖို့ တာဝန်ကို ထိုဘုရင်၏သား Chan က တာဝန်ယူခဲ့ရသည်။

သူ့ကို ချအပ်ထားသည့် တာဝန်ကို ထမ်းဆောင်ရန် နဂါးတို့ နေရာကို သက်စွန့်ဆံဖျား ဝင်ရောက်ခဲ့ရင်း

တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနေရင်းမှ သေလူမျောပါး ဒဏ်ရာရခဲ့သည်။

ဒဏ်ရာအရှိန်ကြောင့် သတိမေ့မျောပြီး ရက်အတန်ုကြာမှ သတိရလာခဲ့တော့

" သတိရပြီလား ကောင်လေး"

လှပတဲ့ အပြုံးကို ဆင်မြန်းထားသည့် ထိုယောကျာ်း။

မျက်ခုးထူထူ နှာတံစင်းစင်းနှင့် နှုတ်ခမ်းဖူးဖူးရဲရဲကို ပိုင်ဆိုင်ထားသည့် ထိုကောင်လေးရဲ့ မျက်နှာကို ယောကျာ်းလေးတန်မဲ့ ငေးကြည့်နေမိသည်။

Your MajestyWhere stories live. Discover now