Episode 3

7.3K 691 14
                                    

စာကြည့်​​ဆောင်​အတွင်းမှာတော့ ရှင်ဘုရင်​၏တာဝန်​ဝတ္တရားများအရ ပြည်​ထဲ​ရေးအ​ကြောင်း​များ၊ နယ်​စားမင်း​တွေ တင်​ပို့ထားတဲ့ စာလွှာ​များကို ဖတ်​​နေရတဲ့ အချိန်...

ညာဘက်​​တွင်​​တော့ Chanyeol ရဲ့ လူယုံ အမတ်​ကြီး Yoo Shin နှင့်​ အခြား အထိန်းတော်များ နန်းတွင်းသူ​များကလည်း ရပ်​​နေကြရတယ်..

ဘယ်​ဘက်​မှာ​တော့ Yi Fan ပေါ့

ဒါ​တွေကိုပင်​ Yi Fan မ​ကျေနပ်​။

တစ်​​ယောက်​တည်းပင်​ပန်းရမည့်​အစား အကုန်​လုံးကို မတ်​တပ်​မတ်​တပ်​နှင့်​ အပင်​ပန်းခံခိုင်းသည့်​ နန်းတွင်းကြီးက တရားမမျှတဟု ထင်​မိတယ်

ပြီး​တော့ စကားလည်း မ​ပြောရဘူး

သူအလုပ်လုပ်နေတာကိုဘဲ လူ 10ယောက်လောက်ကို ထိုင်ကြည့်ခိုင်းနေတာ..

ဘုရင်​ငယ်​လည်း စာ​တွေသာဖတ်​​နေ​ပေမယ့်​ စာလွှာ​တွေကို အာရုံမ​ရောက်​နိုင်​။

သူဆိုတာကလည်း တိတ်ဆိတ်ငြိမ်သက်နေမှ စာတွေ အာရူံစိုက်နိုင်တဲ့သူ....

သို့​သော်​လည်း Yi Fan က စိတ်​ပျက်​စရာ​ကောင်း​လောက်​​အောင်​ အငြိမ်​မ​နေ။

ခြေ​ထောက်​လှုပ်​ရင်​လှုပ်​ မလှုပ်​ရင်​ လက်​အချင်းချင်း ပွတ်​လိုက်​ စားပွဲ​ပေါ်က ဟိုဟာ ယူကိုင်​လိုက်​ ဒီဟာယူကိုင်​လိုက်​ လုပ်​လျက်

တစ်ချက်ချက် သက်ပြင်းကလည်း ချသေးတာ... မပြီးသေးဘူးဆိုတဲ့ သဘောနဲ့ ပြောချင်နေတာ သူက ဘုရင်ကို ...

ဘုရင်​ငယ်​လည်း စိတ်​ကတဖြည်းဖြည်းရှည်​လာပြီ။

သူစိတ်​ဆိုးလာပြီဖြစ်​​ကြောင်းသိ​စေရန်​ ထို ဝါးပြား​လေးများကို ကြိုးနှင့်​ သွယ်​ထားသည့်​ စာအား စားပွဲ​ပေါ်သို့ ခပ်​ပြင်းပြင်း ​ဆောင့်​ချလိုက်​တယ်..

ဝါး​​ချောင်းများဖြစ်​သည့်​အတွက်​ အသံကလည်း ​တော်​​တော်​ကျယ်​တယ်

ဘေးနားတွင်​ရှိကြသည့်​ အမတ်​​များနှင့်​ နန်း​တွင်းသူ​များက အားလုံး တုန်​ခနဲ့ဖြစ်​သွား​ကြ​သော်​လည်း Yi Fan က​တော့ စားပွဲ​ပေါ်တွင်​ အလှတင်​ထားတဲ့ ပန်းကို လက်​နဲ့ ​ဆော့မြဲ​ဆော့လျက်​....

Your MajestyWhere stories live. Discover now