မျက်လုံးတွေ ဝေဝေဝါးဝါးပွင့်လာသည်နှင့် သူ့ကို ထိုင်ကြည့်နေသော Yi Fan ကြောင့် အမတ်ကြီး Yoo Shin မျက်လုံးများ ပြူးကျယ်သွားရသည်။
"Yi Fan မင်းး"
Yi Fan ကတော့ ခပ်ဖျော့ဖျော့ပြုံးပြပြီး
" အမတ်ကြီးနိုပြီလား ကျွန်တော်တို့ အရှင်တို့နောက် အမှီပြန်လိုက်ရအောင်"
အမတ်ကြီးကတော့ အလွန်ကိုမှ ထူးဆန်းနေသည်။
မနေ့ကဘဲ သေမလိုဖြစ်နေသည့်သူက ဒီနေကျတော့ ရွှင်ရွှင်လန်းလန်းဖြင့် သူ့ထက်တောင် အရင်နိုးနေသေးသည်။
ရေကန်ကိုကြည့်မိတော့ မနေ့က ဝိဉာဉ်လေးတွေကို မတွေ့ရ။
"သွားမယ်လေ"
သူနှင့် Yi Fan လည်း မြင်းဒုန်းစိုင်းစီးကာ Chanyeol တို့ အုပ်စုနောက် ပြန်လိုက်ခဲ့သည်။
နေဝင်ချိန်တစ်ခုမှာ မနေ့က သူတို့ နားခိုခဲ့သည့် မြို့ပျက်ဆီပြန်ရောက်သွားသော်လည်း Chanyeol တို့က ရှိမနေတော့။
ခရီးဆက်ထွက်သွားပြီနှင့်တူပါသည်။
အချိန်က အတော်ပင်လင့်သွားပြီဖြစ်သဖြင့် နေလုံးပင် မမြင်ရတော့။
ပတ်ဝန်းကျင်ကလည်း အေးစက်စက်အငွေ့အသက်တွေ ကြီးစိုးလာသလို တောနက်ထဲတွင် နာနာဘဝတို့၏ အော်ညည်းသံများကလည်း ပဲ့တင်ထပ်လာခဲ့ပြီ။
တစ်ခုတည်းရှိသော မီးတုတ်ကို မီးညှိ၍ မြင်းနှင့် မသွားတော့ဘဲ လမ်းလျှောက်၍သာ ခရီးဆက်ခဲ့သည်။
" မီးစာကုန်ပြီ"
သက်ပြင်းသံခပ်ရဲ့ရဲ့နှင့် ပြောလာသည်။
မီးက အကုန်မငြိမ်းသေးသော်လည်း မကြာခင် ငြိမ်းတော့မည့် အရိပ်အယောင် ပြနေသည်။
၂ ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိသည်။ ဘယ်လိုရှေ့ဆက်ကြမှာလဲ။