Episode 1

18.8K 890 38
                                    

 ​မှော်​ပညာ.............
ထို အတတ်ပညာရဲ့ ​နောက်​လိုက်​​နောက်​ပါများဖြစ်​ကြ​တဲ့..တစ်နည်း...
ထိုအတတ်​ပညာကို တည်​မှီ​နေကြ​တဲ့...စုန်း!က​ဝေ!မှော်ဆရာများ ကမ္ဘာ​ကို ခြယ်လှယ်နေချိန်...

လူသားတို့ အရေးနိမ့်ပြီး တိုင်းပြည်​တိုင်း လိုလိုမှာလည်း ထိုအတတ်​ပညာ​တွေနဲ့ အုပ်​ချုပ်​ခံ စုန်းကဝေ မှော်ပညာရှင်တွေရဲ့ သြဇာလွှမ်းမိုး​နေခံနေကြရတဲ့ ခတ်ကာလ...

လူသားနဲ့ စုန်းတို့ အာဏာပညာပြိုင်နေဆဲကာလ..

လူသားတွေ အာဏာ ပိုလွှမ်းနိုင်သေးတဲ့ တိုင်းပြည်အချို့ကလည်း မှော်ပညာတွေ တိုင်းပြည်ထဲ မဝင်နိုင်အောင် တားဆီးနေတဲ့ အချိန်..

ဝင်ရောက်ပြီးသော်ညား လူသားတွေရဲ့ အင်အားပိုသာလွန်တဲ့ တိုင်းပြည်တွေကျပြန်တော့လည်း တိုင်းပြည်ထဲမှ စုန်းမျိုးနွယယ်တွေကို နှိပ်ကွပ် ..ခြေပင်မချရဲအောင် အမြစ်ပြတ်သုတ်သင်နေကြပြန်တယ်...

အမြစ်​ပြတ်​??

ဒါကလည်း အာဏာရှင်တွေ ထင်ထားတဲ့ ယုံကြည်မှုတစ်ခု.သက်သက်....ဒီခေတ်ဒီကာလမှာ မှော်ပညာကို အမြစ်ဖြတ်ဖို့က ခက်ထဲလွန်းတယ်..

စုန်းမျိုးနွယ်တွေ မှော်ဆရာတွေဆိုတာ ဂျိုပေါက်ပြီး ထူးခြားနေတဲ့ သတ္တဝါမျိုးတွေ မဟုတ်တော့ ဆိတ်ဆိတိနေရုံနှင့် သာမန်လူတစ်ယောက်လို ရှင်သန်နေနိုင်ကြတဲ့အတွက်..

အမြစ်ပြတ်ဆိုတဲ့ စကားက မျက်စိမှိတ်အတင်းယုံနေရတဲ့ ယုံကြည်မှူတစ်ခု..

ရှေးအရင်​ကတည်းက လက်​ခံကျင့်​သုံးလာတဲ့ ဝါဒ​ဟောင်းဖြစ်​တဲ့ ​မှော်​ပညာက​တော့ ဘယ်တော့မှ အမြစ်ပြတ်ပျောက်သွားမှာ မဟုတ်ဘူး...

လူသားတွေ မသိနိုင်တဲ့ နေရာမှာ ကမ္ဘာတစ်ခုလည်း ရှိချင်ရှိနေမှာ...

ဒါပေမယ့် တိုင်းပြည်တစ်ခုမှာ မှော်ဆရာတွေ ဂါထာမန္တန်နွေ မရွတ်ရဲအောင် တိတ်ဆိတ်သွားခခဲ့ပြီ ဆိုလျှင် ထိုတိုင်းပြည်က လူသားအာဏာကြီးတဲ့တိုင်းပြည်... မှော်ကိုနိုင်တဲ့ တိုင်းပြည်လို့လည်း ခေါ်နိုင်တဲ့ ထိုခေတ်ထိုအခါမှာ...

Your MajestyWhere stories live. Discover now