Episode 19(Part 2)

5.1K 625 53
                                    

" အရှင်​ ​နောက်​ထပ်​ တစ်​ရွာ အတိုက်​ခိုက်​ခံရပြန်​ပြီတဲ့"

နန်း​တော်​ထဲ ပြန်​ဝင်​ဝင်​ချင်း ကြားလိုက်​ရတဲ့ စကား​ကြောင့်​ Chanyeol ဟူ​သော ဘုရင်​ နှလုံး​သွေး​ဆောင့်​တက်​ပြီး ​ခြေ​တောင်​ မခိုင်​ အနည်းငယ်​ ယိုင်​လျက်​ကျသွားသည်။

" အရှင်​ အဆင်​ ​ပြေ​တော်​ မူရဲ့လား"

"ရတယ်​ ရတယ်​ ဖယ်​ကြ"

သူ့ကို လာတွဲတဲ့ လူ​တွေ အကုန်​လုံးကို အ​ဖြေပြန်​​ပေးလိုက်​ရင်း

"အသက်​ရှင်​ကျန်​တာ ရှိလား?"

အရှင့်​စကားကို သတင်းလား​ပေးတဲ့ စစ်​သူကြီးက မျက်​ရည်​တစ်​စက်​နှင့်​အတူ ​ခေါင်းငုံ့ချလိုက်​ခြင်းဖြင့်​ အ​ဖြေပြန်​​ပေးလိုက်​သည်။

Chanyeol လည်း ထို​နေရာမှာတင်​ ဝဲတက်​လာတဲ့ မျက်​ရည်​​တွေကို ပုတ်​ခတ်​ ပုတ်​ခတ်​ လုပ်​လိုက်​ရင်း

" ကိုယ်တော်တို့ ဂျို​ဆောင်​....ဒီလိုဘဲ ပျက်​စီး​တော့မှာလား?? ဒီလိုဘဲ ထိုင်​ကြည့်​ရ​တော့မှလား?????"

Chanyeol ရဲ့ အ​မေး​ကြောင့်​ ​ဘေးက လူ​တွေအားလုံး မျက်​ရည်​စက်​လက်​နှင့်​သာ

//တောင်းပန်​ပါတယ်​ ကျွန်​​တော်​ဒီလို အသုံးမကျလို့// လို့ စိတ်​ထဲ ​တွေး​နေရုံအပြင်​ မတတ်​နိုင်​တဲ့ Yi Fan ကလည်း သူချစ်​သူကို ကြည့်​​နေရုံအပြင်​ မစွမ်းသာ။

ဒါ သူတို့အားလုံး ရဲ့ ​နောက်​ဆုံးအချိန်​လား???

"ဒီလိုလုပ်​​နေဖို့ အချိန်​မဟုတ်​ဘူး မီး​တွေကို တတ်​နိုင်​သ​လောက်​ဖိုထား အတိုင်​ပင်​ခံ​တွေ ဒီတမလွန်​တံခါးအ​ကြောင်း ​လေ့လာ ​ဖြေရှင်းနိုင်​စွမ်းရှိမရှိ အတတ်​နိုင်​ဆုံး ကိုယ်တော်တို့ အလုပ်​နိုင်​ဆုံး လုပ်​ရမယ်​ ပြီး​တော့ Kai မင်း....မင်းပြန်​​တော့ အခုထိ ဒုက္ခ​ပေးပြီးပြီ ထပ်​ပြီး ဒုက္ခမ​ပေးချင်​​တော့ဘူး ပြန်​​တော့"

ခပ်​ပြတ်​ပြတ်​​ပြောပြီး Kai ကို ​ကျောခိုင်းသွား​ပေမယ့်​ ဒီ စကားခွန်းအနည်းငယ်​ ဒီ​လေသံ​လေးမှာဘဲ သူ့ကို စိတ်​ပူလို့ဆိုတာ သိပါတယ်​ သူ့ကို ခင်​လို့ သူပါ ​ရောပြီး ဒုက္ခ​မ​ရောက်​​စေချင်​မှန်းသိပါတယ်​။

Your MajestyWhere stories live. Discover now