Episode 20

5.5K 635 51
                                    

နေလုံးနီနီ ထွက်​​ပေါ်စအချိန်​​လေးမှာ နန်း​တော်​ဂိတ်​ဝ၌ လူ ၁၀ ​ယောက်​​လောက်​ စကားအ​ချေအတင်​ ​ပြော​နေကြသည်​။

"ကျွန်​​တော်​လည်း လိုက်​ပါရ​စေ ကျွန်​​တော်​ အဆုံးထိ ကူညီ​ပေးချင်​တယ်​။"

မြောင်​မင်းသားငယ်​၏ စကား​ကြောင့်​ Chanyeol ပြုံးလိုက်​ရင်း Kai ၏ ပုခုံးကို တစ်​ချက်​ ပုတ်​လိုက်​ကာ

"​ကျေးဇူးတင်​ပါတယ်​ Kai မင်းပါ ဒုက္ခ​ရောက်​ရပြီ ဒါ​ပေမယ့်​ မင်းက​တော့ မလိုက်​ပါနဲ့ မင်းမရှိရင်​ Soo နဲ့ နန်းတွင်းကြီးကို ဘယ်​သူ​စောင့်​​ရှောက်​မှာလဲ?"

"ဒါ​ပေမယ့်​.."

"​ပြောတာ နား​ထောင်​ပါ Kai ​နေခဲ့ပါ ပြီး​တော့ မင်းက မိတ်​​ဆွေ​ကောင်းတစ်​​ယောက်​ပါ မင်း​ကြောင့်​ ကိုယ်တော်သိလိုက်​ရတာက ​မှော်​ပညာတတ်​တဲ့သူတိုင်း မ​ကောင်းတဲ့သူမဟုတ်​ဘူးဆိုတာဘဲ"

"အရှင်​"

"သွားပြီ"

နောက်​တဖန်​ ပုခုံး​လေးကို တစ်​ချက်​ ထပ်​ပုတ်​ကာ မြင်း​ပေါ်တက်​လိုက်​သည်​။

Chanyeol မြင်း​ပေါ်တက်​​တော့ အ​နောက်​မှ လိုက်​ပါမည့်​ သူ​တွေလည်း မြင်း​ပေါ်သို့ တက်​လို်​က်​ကြသည်​။

Chanyeol လည်း သူ့​ဘေးက မြင်း​ပေါ်ရှိ Yi Fan ကို ​ခေါင်းတစ်​ချက်​ ငြိမ့်​ပြကာ တမလွန်​တံခါးရှိရာသို့ ဦးတည်​ခဲ့​​လေသည်​။

သူဒီတစ်​​ခေါက်​​တော့ Yi Fan ကိုပါ အပါ​ခေါ်ခဲ့သည်​။

သူ့​နောက်​ဆုံးအချိန်​ကို သူ့ချစ်​သူ​လေးနှင့်​ ဖြတ်​သန်းချင်​မိသည်​​လေ။

သူတို့​​တွေလည်း မြင်းကို ဒုန်းစိုင်း​မောင်းကာ နန်း​တော်​ကြီးမှ ထွက်​ခွာခဲ့​လေပြီ။

ထိုနာနာဘဝများက ​နေ​ရောင်​ရှိလျှင်​ ထွက်​​ပေါ်လာခြင်းမရှိသည်​က ကံ​ကောင်းမှုတစ်​ခု​လေလား။

နား​နေခြင်းမရှိဘဲ တရစပ်​ မြင်း​တွေစီးလာရင်း ​နေပင်​ဝင်​​တော့မည်​။

နေဝင်​တာထက်​ ထိုသရဲ​ကောင်​များ လာ​တော့မည်​ဆို ပိုမှန်​သည်​။

Your MajestyWhere stories live. Discover now