Ep (14) Threat ~~

Start from the beginning
                                    

Chanyeol - "ငါ မင်းကျောင်းကို လိုက်ပို့ပေးမယ်.."

Jongin - "ရပါတယ်... ငါ ဒီကနေ ငါ့ကျောင်းကို သွားတတ်ပါတယ်..."

Chanyeol - "အင်းလေ.. ဒါပေမယ့်..."

Jongin - "Chanyeol-ah... မင်းကျောင်းနဲ့ ငါ့ကျောင်းက တစ်လမ်းစီ... မင်းနောက်ကျလိမ့်မယ်.. "

Chanyeol - "မိနစ်၂၀လောက် နောက်ကျတာ ကိစ္စမရှိပါဘူး..."

Jongin - "ငါ့အတွက်တော့ ကိစ္စရှိတယ်... မရဘူး... ငါရထားနဲ့ပဲ သွားလို့ရပါတယ်.. Have a nice day!! Chanyeollie!!"

Jongin chanyeol ကို တစ်ခါထဲ နှုတ်ဆက်ရင်း ထွက်လာခဲ့တော့ Chanyeol နောက်ကနေ လိုက်လာရင်း...

Chanyeol - "အာ့ဆို ငါ ဘူတာထိ လိုက်ပို့ပေးမယ်လေ..."

Jongin - "ဒီကနေ ဘူတာက ၅မိနစ်လောက်ပဲ ကြာတာကို... သွားတော့.. မင်းကျောင်းက ငါ့ထက်ပိုဝေးတာ.. နောက်ကျနေလိမ့်မယ်.."

Jongin chanyeol ကို အတင်းတွန်းလွှတ်တော့မှ chanyeol တစ်ယောက် မသွားချင် သွားချင်နဲ့ ကားပေါ်တက်ပြီး ထွက်သွားတော့မှ jongin လည်း ဘူတာရုံဘက် ဆက်လျှောက်လာခဲ့လိုက်သည်။

Jongin တစ်ယောက် ဘူတာရုံဆီလျှောက်လာရင်း မနေ့က အဖြစ်အပျက်ကို ပြန်တွေးမိတော့ ဝမ်းနည်းမိပြန်သည်။

ဒီနေ့ ကျောင်းမှာ Sehun နဲ့ မတွေ့ပါစေနဲ့... အကယ်လို့ တွေ့ခဲ့ရင် ကျွန်တော် ဘာပြောရမှန်းလည်း မသိဘူး။ ဟူး...တကယ်ဆို ကျွန်တော် အဲ့လောက်ကိစ္စလေးနဲ့ sehun ကို စိတ်မဆိုးသင့်ဘူး..။

Jongin ဘူတာရုံထဲ ဝင်လာပြီး ရထားဆိုက်မယ့် အနားက ခုံလေးမှာ ဝင်ထိုင်စောင့်ရင်း မျက်လုံးလေးတွေ မှိတ်ထားလိုက်သည်။

မနေ့ညက Chanyeol ကတော့ ကောင်းကောင်းအိပ်မောကျပေမယ့် သူကတော့ တစ်စုံတစ်ယောက်ကြောင့် အိပ်လို့ မပျော်ခဲ့ဘူးလေ။

Jongin.. sehun ကို လွမ်းနေခဲ့တာ...။

တကယ်ဆို ကျွန်တော်ရယ် sehun ရယ် တွဲဖြစ်တာ သိပ်မကြာသေးပေမယ့် ကျွန်တော် sehun ကို အရမ်းတွယ်တာနေမိပြီလား... ကျွန်တော့်အတွေးတွေထဲမှာ ဘာမှမရှိရင်တောင် Sehun ပုံရိပ်တွေက အလိုလို ပေါ်လာတတ်သည်လေ။

မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး sehun ကို စိတ်ဆိုးမိတာ ကျွန်တော် လွန်များ လွန်နေလားဟင်???

The Ugly TwinWhere stories live. Discover now