Ep (8) Forceful RS ~~

Start from the beginning
                                    

Luhan - "မဟုတ်မှလွဲရော မင်း သူ့ကို သွားစကားပြောခဲ့သေးလား?? မင်းက အဲ့၂ယောက်ကို သေချာမခွဲတတ်တဲ့ အရူးဆိုတော့ Jongin ကို Taemin လို့ ထင်ပြီး သွားစကားပြော..."

Sehun - "ဟာ... မဖြစ်နိုင်တာ... ငါ သူနဲ့ တစ်ခါမှတောင် စကားမပြောဖူးဘူး.. မင်းပဲ ပြောခဲ့ဖူးတယ်လေ သူက အေးဆေးပြီး တစ်ယောက်ထဲနေတတ်တာဆို.. ငါသွားပြောရင် ပြန်ပြောမလားဟ!! နည်းနည်းပါးပါး တွေးဦး!!"

Luhan တစ်ယောက် သက်ပြင်းတွေချ၊ ခေါင်းတွေ ရမ်းရင်း...

Luhan - "အာာာာာ.. အားလုံးက မင်းဂေါက်လို့ ဖြစ်ရတာပဲ..."

Sehun သူ့နှုတ်ခမ်းလေးတွေကို ကိုက်ထားရင်း ခဏကြာတော့...

Sehun - "ငါ.. ပြန်လမ်းခွဲလိုက်ရင် ကောင်းမလား??"

Luhan - "ဘာ! လမ်းခွဲမလို့ ဟုတ်လား?? သွားသေလိုက် Ohsehun.. သေလိုက်သလား.. မင်းမှာ ဦးနှောက်မရှိမှန်းတော့ သိလိုက်ပေမယ့် ခုကျ မင်းက နှလုံးသားပါ မရှိတဲ့ ကောင်ပါလားဟ!!"

Sehun - "ဟ.. ဘယ်လိုပဲဖြစ်ဖြစ် ငါက သူ့ကို ကြိုက်တာမှမဟုတ်ဘဲ.. သူ့အပေါ်နည်းနည်းလေးတောင် စိတ်မဝင်စားတာ ရှေ့ဆက်ပြီး ဘယ်လို တွဲရမှာလဲကွ!"

Luhan - "မင်းမကြိုက်ပေမယ့် ခုချက်ချင်းတော့ လမ်းခွဲလို့မရသေးဘူးလေ.. အရူးရဲ့.. မင်းခုချိန်လမ်းခွဲလိုက်တယ်ပဲထား.. Kim Taemin က မင်းအပေါ် ဘယ်လိုထင်သွားမယ်လို့ထင်လဲ?? စဉ်းစားကြည့်!!"

ဒီတစ်ခါလည်း Luhan ပြောတာ မှန်ပါသည်။ အဲ့ညက Taemin တောင် သူတို့အတွက် ပျော်ပြီး ဂုဏ်ပြုစကားလာပြောတဲ့အပြင် Jongin ကိုပါ သူ့ဆီ စိတ်ချလက်ချအပ်သွားတာ... အခုသာ လမ်းခွဲလိုက်ရင် Taemin က Sehun ကို သူ့အမွှာညီရဲ့ အသည်းကို ခွဲသူကြီးဆိုပြီး သေချာပေါက် မုန်းသွားမှာ...

Luhan - "ဒီတိုင်းလေးပဲ တွဲလိုက်ပေါ့ကွာ... အရမ်းကြီး မျှော်လင့်ချက်တွေ ခံစားချက်တွေ မထားနဲ့ပေါ့... အချိန်ကြာလာတော့မှ သူ့ဘက်ကလည်း မင်းနဲ့ အဆင်မပြေတာတွေ ရှိလာတဲ့အချိန်.. မင်းတို့နှစ်ယောက်ရှေ့ဆက်လို့ မဖြစ်နိုင်တော့တဲ့ အချိန်ရောက်မှ လမ်းခွဲလိုက်ပေါ့ .. အဲ့တာ ပိုမကောင်းဖူးလား..??"

The Ugly TwinWhere stories live. Discover now