Part _68

16.4K 938 39
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_68

"သ သမီး''

''ရှင် ဖေဖေ''

''သမီးရဲ့ ဒီ  ဒီ ဆွဲကြိုးလေးက ''

'''ဪ ဒီဆွဲကြိုးက ကိုကိုကြီးဟာလေ သူအမြတ်နိုးဆုံး ပစ္စည်းမို့ အနော့်ကို  ပေးထားတာ  ဒီထဲမှာ ကိုကိုကြီးရဲ့ အမေပုံပါတယ်'''

''ဟာ''

နေတင် နားကြပ်ထဲကနေ ကြားနေရတဲ့အသံတွေကြောင့် လူက ဒိန်းခနဲ ဖြစ်သွားရပြီး ကားစက်ကို အမြန်နှိုးလိုက်တော့သည်....
သူဝေးဝေးမသွားပဲ သက်ကလေးတို့ အိမ်နားမှာပဲ စောင့်နေမိလို့သာ တော်တော့သည်...

"ဘာလဲကွ ဒီဘိုးတော်အသံက အရမ်းကို တုန်လှုပ်နေတဲ့ အသံကြီးပါလား''

သက်ကလေးက သူ့အဖေအိမ်ကို ဝင်ထွက်ချင်နေတဲ့ပုံမို့ ဆွဲကြိုးက လော့ကက်ထဲမှာ အသံဖမ်းစက်တပ်ပြီး ဆွဲပေးထားခဲ့တာ မှန်သွားသည်..... ပြီးခဲ့အခေါက် သွားတုံးက ဘာမှ မထူးခြားပေမယ့် ဒီတစ်ခေါက် အသွားမှာတော့ ပြသနာက အကြီးကြီး တက်တော့မည်ပုံ ပေါ်နေလေပြီ....

သူထင်တာ မမှားရင် ဒီဘိုးတော်ဟာ သူရဲ့  သူ့ရဲ့ ........ ဟားးး အတွေးနဲ့တင် လူက တဆတ်ဆတ် တုန်လာသည်အထိ ဒေါသတွေ ထွက်လာရပြီး ကားလီဗာကို ဖိနင်းလိုက်တော့သည်....

"ကျွီ!!!!''

အိမ်ရှေ့ကို ရောက်တာနဲ့ ကားကို ဖြစ်သလို ရပ်ထားလိုက်ပြီး ကားပေါ်ကနေ ပြေးဆင်းကာ အိမ်ထဲကို တောက်လျှောက် ဝင်သွားလိုက်တော့သည်.....

"သက်ကလေး"

အိမ်ဝင်ပေါက်ကနေ အသံကုန်အော်ပြီး သူပြေးဝင်မိတော့ အိမ်ဖော်ကောင်မလေးက အမြန်ပြေးထွက်လာကာ ....

''မမလေးက ထမင်းစားခန်းမှာပါရှင့်
ဒီဖက်ကို ကြွပါ''

ဟိုကောင်မလေး ပြတဲ့ဖက်ကို သူအမြန်ပြေးသွားမိတော့ သက်ကလေးက ထမင်းစားခန်းထဲမှာ သူ့အဖေကို တအံ့တဩလေး ကြည့်နေရှာလေသည်....

ဦးထွဋ်မြတ်အောင်က သူလုံးဝ ထင်မှတ်မထားကြီးကို ရုတ်တရက်ကြီး ကြားလိုက်ရလို့ စိတ်တွေ လွတ်နေတဲ့ပုံမျိုးနဲ့ ခုံပေါ်မှာ အရုပ်ကြိုးပြတ်ကြီး ဖြစ်နေလေသည်.....

⚜️Nay Tin's Love Story⚜️Where stories live. Discover now